လူတိုင်းလိုလိုကို ဒုက္ခပေးတတ်တဲ့အရာတွေက အရေပြားတစ်ထောက်စာလေးပေါ်က ဝက်ခြံ တင်းတိပ် မှဲ့ခြောက်နဲ့ တခြားမလိုအပ်တဲ့ပြဿနာတွေပါပဲ။ သူတို့ကိုနှင်ထုတ်ဖို့ဆိုရင် နည်းလမ်းလေးတွေရှိပါတယ်။ Skin Care လုပ်တာဟာလဲအရေးပါသလို အစားအသောက်စားတာမှာလဲ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အရေးပြားပြဿနာတွေအများကြီးရှိတဲ့ကြားက ဝက်ခြံကိုကာကွယ်ဖို့ နည်းလမ်းလေးတွေကို ရွေးပြီးပြောပြပေးချင်ပါတယ်။

မုတ်ကောင်၊ကမာကောင်

မုတ်ကောင်၊ကမာကောင်တွေကိုစားရတာ ကြိုက်တဲ့သူတွေအတွက်တော့ မုတ်ကောင်တွေကို မစားဖို့၊ရှောင်ဖို့က ခက်ခဲပါတယ်။ ဒီကမာကောင်တွေကမျက်နှာအရေပြား မှာအဖုအပိန့်တွေ ပေါက်လာအောင်လုပ်တဲ့ အဓိကတရားခံတွေပါပဲ။

ဒေါက်ခွရွက်

အသီးအရွက်တွေက အသားအရေလှပစေပါတယ်။ ဒေါက်ခွရွက်က အားအင်ဖြစ်စေတဲ့ အရွက်တစ်မျိုးပါ။ ဒါပေမယ့် ဒီအရွက်မှာ အိုင်အိုဒင်းဓာတ်တွေ ပါဝင်နေတာကြောင့် အရေးပြားကိုထိခိုက်စေနိုင်ပါတယ်။

Bacon (ဝက်ပေါင်ခြောက်)

ဝက်သားကိုဆားနဲ့နယ်ပြီး အခြောက်လှန်းထားတဲ့ ဘေကွန်ကို စားသုံးရင် အသားအရေခြောက်သွေ့စေနိုင်ပါတယ်။

Cheese (ထောပတ်ခဲ)

ဘယ်က ထုတ်တဲ့ ချိစ်မျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအရောင် ချိစ်မျိုးပဲဖြစ်ဖြစ် အဆီဓာတ် အရမ်းပါလို့ အလွန်အကျွံစားသုံးမိရင်လည်း ဝက်ခြံထွက်စေနိုင်ပါတယ်။

ကဖိန်းဓာတ်ပါသော အချိုရည်

ကဖိန်းဓာတ်က အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေတတ်လို့ ကပ်ဖ်ဖိန်းဓာတ်ပါတဲ့ အချိုရည်များများ သောက်မိရင်လည်း ဝက်ခြံထွက်နိုင်ပါတယ်။

အသင့်စားသုံးနိုင်သော အစားအစာများ (Ready Made Foods)

စည်သွပ်ဘူးတွေထဲက အစားအစာတွေ ဒါမှမဟုတ် အသင့်စားသုံးလို့ရတဲ့ ရေခဲရိုက်ထားတဲ့ အစားအစာတွေက စားသုံးရလွယ်ကူပေမယ့် ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ အရေပြားအတွက်လည်းမကောင်းပါဘူး။

ပေါက်ပေါက်ဆုပ် (Pop Corns)

အဆီအစိမ့်ဖြစ်တဲ့ ထောပတ်နဲ့ ပြောင်းစေ့တို့ကိုမီးဖုတ်ထားတဲ့ ပေါက်ပေါက်ဆုပ်ကအပျင်းပြေစားဖို့အတွက် အရသာလည်းရှိအနံကလည်းမွှေးတော့ လူတွေကို တော်တော်ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသားအရေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။

အာလူးကြော်

ကြွပ်ကြွပ်ရွရွနဲ့အစာပြေစားလို့ကောင်းတဲ့ အာလူးကြော်က ဆီပူပူထဲ နှစ်ကြော်ထားလို့ ဝက်ခြံထွက်ဖို့ကိုတွန်းအားပေးနေသလိုပါပဲ။

ဒီလိုဝက်ခြံဖြစ်ဖို့ တွန်းအားပေးနေတဲ့အစားအသောက်တွေကိုရှောင်ရမှာပဲဖြစ်ပါတယ်။ နောက်တစ်ခုသတိထားသင့်တာက Cosmetic သုံးတဲ့အခါတွေမှာဖြစ်ပါတယ်။ ဈေးကြီးတဲ့ Cosmetic တိုင်း ကိုယ်နဲ့အဆင်မပြေနိုင်ပါဘူး။ Quality ကောင်းပေမယ့် ကိုယ့်အသားအရည်နဲ့အဆင်မပြေတဲ့အခါ ဝက်ခြံထွက်လာစေနိုင်ပါတယ်။ ကိုယ်နဲ့အဆင်ပြေမယ့် Product မျိုးကိုရွေးချယ်တတ်ဖို့လဲ အဓိကအရေးကြီးပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အစားရှောင်ခြင်းပါပဲ။ အစားအသောက်ကိုဆင်ခြင်လိုက်တာမို့ ငွေကုန်ကြေးကျလဲသက်သာပြီး လှလည်းလှနိုင်မယ့်နည်းလမ်းကောင်းလေးတစ်ခုမို့ အခုပဲလိုက်လုပ်လိုက်တော့နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။