ယခု ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် လီဗာပူလ်းအသင်းဟာ မန်ယူအသင်းကို အန်ဖီးလ် မှာ ဧည့်ခံကစားခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၉၀ ချိန်ထိ နှစ်သင်းလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် ဂိုးမရှိသရေရလဒ်နဲ့ သာ ပွဲဟာပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ ပွဲစဉ် ၈ အပြီးမှာတော့ မန်စီးတီးအသင်းထက်တစ်ပွဲပိုကန်ထားပြီး အမှတ် ၂၀ နဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကတော့ ရမှတ် ၁၃ မှတ်နဲ့တစ်ပွဲပိုကန်ထားကာ အဆင့် ၆ နေရာမှာ ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဖာမီနို၊ ကော်တင်ဟို၊ ဆာလက်၊ ဟန်ဒါဆန်၊ အမ်မရီကန်၊ ဝင်ဂျနယ်ဒန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ မာရှယ်၊ အမ်ခီတာရန်၊ အက်ရှလေယန်း၊ မာတစ်၊ ဟာရဲရား စတဲ့ကစားသမားတွေကို အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းက မန်ယူအသင်းကိုဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တိုက်စစ်ဆင် ကစားသွားခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဟာ ဂိုးရရှိရေးကြိုးပမ်းခဲ့တာကြောင့် လူတွေအပြောင်းအလဲ လုပ်ဆောင်ခဲ့ကြပါတယ်။လီဗာပူလ်းအသင်းဟာ ဆာလက်၊ကော်တင်ဟို၊ ဖာမီနိုအစား ချန်ဘာလိန်၊ ဆိုလန်ကီ၊ စတာရစ်တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းကလည်း အက်ရှလေယန်း၊ မာရှယ်၊ အမ်ခီတာယန် အစား လင်ဒိလော့၊ လင်ဂတ်၊ ရက်ဖို့စ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ပွဲပြီးဆုံးတဲ့ အချိန်မှာတော့ ဂိုးမရှိသရေရလဒ်နဲ့သာပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။