မြစ်ကြီးနား၊ အောက်တိုဘာ ၁၄

၁၄နှစ်အရွယ် အမျိုးသမီး၏ မိန်းမကိုယ်ကို အနီရောင်ထီးရိုးဦးချွန်ဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း တာလောကြီးနယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာအုပ်စု တာပဒေါင်းကျေးရွာ ဒေါ်သန်းနွဲ့၏သမီး မဖြုဖြုအေးသည် အောက်တိုဘာ ၁၂ရက်နေ့ ညနေ၃နာရီ ကျော်တွင် ၎င်း၏အမေမှ တစ်ရပ်ကွက်တည်းနေ ဦးဖော်တာဖုန်နန်၏ နေအိမ်သို့ ပလိုင်းနှင့်ငွေ ၁၅၀၀သွားပို့ခိုင်းရာ 

ညနေ၆နာရီ အချိန်ထိ အိမ်သို့ပြန်ရောက်မလာသောကြောင့် ဦးဖော်တာဖုန်နန်၏ အိမ်သို့သွားမေးရာ ပစ္စည်း ပို့ပြီး၍ ပြန်သွားပြီဖြစ်ကြောင်း ၎င်းမှပြောခဲ့သဖြင့် ရွာအတွင်းလိုက်လံရှာဖွေရာ မတွေ့ရှိဘဲ ၁၃ရက်နေ့ညနေ၄နာရီ ကျော်တွင် တစ်ရွာတည်းနေ မောင်ဂျုနီယာ(၁၄)နှစ်မှ လူနေထိုင်ခြင်းမရှိသော ရွာထဲရှိ ဦးထီမရမ်း နေအိမ်ခြံဝန်း အရှေ့ဘက် ချုံပုတ်အတွင်း ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

“စစ်ဆေးဆဲ တရားခံတော့ အခုထိ မရှိသေးပါဘူး မုဒိမ်းမှုမြောက်မမြောက် ဓာတုပို့ထားပြီးပါပြီ စစ်ဆေးနေဆဲပဲ ဆေးစာရမှပဲ သိနိုင်မယ် ခေါက်ထီးတွေက လက်ကိုင်အကောက်မပါဘူးလေ အခုအခင်းဖြစ်တဲ့နေရာက ထီးက လက်ကိုင်အကောက်ပါတယ် ထီးအရှည်ပေါ့”ဟု တာလောကြီး နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သစ်လွင် ကပြောသည်။

အဆိုပါ အမှုကို တာလောကြီးနယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ)၁၆/၂၀၁၇ ဥပဒေပုဒ်မ (၃၀၂)လူသတ်မှု အရ တရားလို ဒေါ်သန်းနွဲ့မှ အမှုရေးဖွင့်လျက် အမှုစစ် စခန်းမှူး ရဲအုပ်သစ်လွင်မှ တရားခံ ပေါ်ပေါက်စေရန် နယ်မြေအုပ်ချုပ်ရေးမှူးများ ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

Source :မီးမီး

Photo- တာလောကြီးနယ်မြေရဲစခန်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။