မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ စတုတ်စီတီးအသင်းကို ၇ ဂိုး ၂ ဂိုး နဲ့ ဂိုးပြတ်သွင်းယူခဲ့ပြီး အနိုင်၃ ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ယခုနိုင်ပွဲကြောင့် ၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၂ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။အဆင့် ၂ က မန်ယူအသင်းကို ၂ မှတ်ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းကတော့ ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၅ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဂျီဆပ်၊ ဆာနေး၊ စတာလင်း၊ ဒီဘရူနီ၊ ဆေးဗာလ်း၊ ဖာနန်ဒင်ယို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျေစီရိုဒရီဂွတ်၊ ရှာကွီရီ၊ ချူပိုမိုတင်း၊ ဖလက်ချာ၊ ကာမီရွန်း၊ ဒီအော့ တို့ကို ထည့်သွင်းကစားခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ဂိုးပေါက် ခြိမ်းခြောက်မှု အကြိမ် ၂၀ လောက်ရှိခဲ့တာဖြစ်ပြီး ၇ ဂိုး ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့အဖွင့်ဂိုးကိုတော့ ၁၇ မိနစ်မှာ ဂျီဆပ်ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက် ၂ မိနစ်အကြာမှာပဲ စတာလင်းက ဒုတိယဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။တတိယဂိုးကိုတော့ ဆေးဗာလ်းက ၂၇ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပထမပိုင်းပြီးခါနီး ၄၄ မိနစ်မှာ စတုတ်စီးတီးအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ဒီအော့က ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ဒုတိယပိုင်းပြန်စလို့ ၄၇ မိနစ်မှာ စတုတ်စီးတီးအသင်းအတွက် ဒုတိယချေပဂိုးကို ဝေါ်ကာက ကိုယ့်ဂိုးကိုသွင်းယူမိခဲ့တာလည်းဖြစ်ပါတယ်။၅၅ မိနစ်မှာတော့် မန်စီးတီးအသင်းအတွက် လေးဂိုးမြောက်ကို ဂျီးဆပ်က သွင်းယူပေးခဲ့တာဖြစ်ပြီး နောက် ၅ မိနစ်အကြာမှာပဲ ဖာနန်ဒင်ဟိုက ငါးဂိုးမြောက်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။၆၂ မှာ ဆာနေးက ၆ ဂိုးမြောက်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲသိမ်းဂိုးကိုတော့ ၇၉ မိနစ်မှာ ဘာနန်ဒိုဆေးဗာလ်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။