မုန်တိုင်းအရှိန် နဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမများပေါ် ရေကြီးရေလျှံမှုကို ဘန်ကောက်မြို့နေ ပြည်သူများ ခံစားနေရပါတယ်။ အနည်းဆုံး အဓိကလမ်းမ ၅၅ လမ်း ရေကြီးမှုဖြစ်ပွားခဲု့ပါတယ်။ ဒါပေမယ့် နေ့လည်လောက်မှာ တော့ လမ်းတော်တော်များများ ရေပြန်ကျပြီး ပြန်လည်ခြောက်သွေ့သွားခဲ့ပါတယ် လို့ ဘန်ကောက်ပို့စ်သတင်းဌာန က ပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့တာဝန်ရှိသူ တွေကတော့ မြို့နေလူထုကို အရေးကြီးကိစ္စ မရှိပါက အိမ်မှာပဲနေကြဖို့ တိုက်တွန်းထားကြောင်း The Nation သတင်းစာကရေးသားပါတယ်။ ရေလွှမ်းမိုးခြင်းခံရတဲ့ ဧရိယာတွေကတော့ Din Daeng, Ekamai နဲ့ Sukhumvit လမ်းမ အစိတ်အပိုင်းတွေပါ၀င်ပါတယ်။ ဒါ့အပြင် အထင်ကရ ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်ရာ Chatuchak နဲ့ Wat Pho တို့လည်းပါ၀င်ပါတယ်။

ဓာတ်ပုံများမှာ ရေကြီးရေလျှံမှု ကြောင့် ကားတွေ လမ်းမများပေါ် ခက်ခက်ခဲခဲ ဖြတ်သန်းရပုံတွေ၊ နေအိမ်တွေ၊ ဆိုင်ခန်းတွေ ထဲ ရေဝင်မှုကြောင့် ခပ်ထုတ်နေရပုံတွေ ကို တွေ့မြင်ရပါတယ်။ ဘန်ကောက်မြို့တော်ဝန် Aswin Kwanmuang က နေ့လည်ဘက်မှာ မြို့နေလူထုကို အဆိုပါရေကြီးမှု နဲ့ ပတ်သက်ပြီး တောင်းပန်စကားပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေ အနေနဲ့ သူတို့ တတ်နိုင်သလောက် အကုန်လုပ်ဆောင်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Source: channelnewsasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။