မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ်စတယ်ပဲလေ့စ် အသင်းဟာ ချဲလ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူပြီး အဖိုးတန်အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ခရစ်စတယ်ပဲလေ့စ် အသင်းဟာ ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး နိုင်ပွဲစတင်ရရှိခဲ့တာလည်းဖြစ်ပြီး သုံးမှတ်စတင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကတော့ ၈ ပွဲကစားပြီးချိန်မှာ ၁၃ မှတ်ရရှိထားပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရှလပ်၊ ဇာဟာ၊ ကာဘာရီ၊ မက်အောသာ၊ တောင်ဆန်၊ မီလီဗိုဂျီဗစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘတ်ရှူအာရီ၊ ဟာဇတ်၊ ဝီလီယံ၊ ဘာကာယိုကို၊ ဖာဘရီဂတ်၊ မော့ဆက်၊ အလွန်ဆို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ အဆုံးသတ်မသေချာမှုတွေကြောင့် သရေရလဒ်တောင်မရရှိခဲ့ပြီး အရံှူးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ် အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၁ မိနစ်မှာပဲ အယ်ပလီကွယ်တာက ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာလည်းဖြစ်ပါတယ်။၁၈ မိနစ်မှာတော့ ချဲလ်ဆီးအသင်းအတွင် ချေပဂိုးကို ဘာကာယိုကိုက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။၄၅ မိနစ်မှာတော့ ခရစ်စတယ်ပဲလေ့စ်အသင်းအတွက် အနိုင်ဂိုးကို ဇာဟာက ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပတ်ဒရို၊ မူဆွန်ဒါ တို့ကို လူစားလဲကစားစေခဲ့ပေမဲ့ လည်း ၂ ဂိုး ၁ ဂိုး နဲ့သာ ပွဲဟာပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။