ဆီးရီးယား နိုင်ငံ Raqqa မြို့မှာ အိုင်အက်စ် အကြမ်းဖက်စစ်သွေးကြွ ၁၀၀ နီးပါး သောကြာနေ့အထိ လက်နက်ချခဲ့ရပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ထိုးစစ်တွေအောက်မှာ အိုင်အက်စ် အကြမ်းဖက်စစ်သွေးကြွ အဖွဲ့အနေနဲ့ ဆီးရီးယားမှာ ဆက်တိုက်အရေးနိမ့်လျက်ရှိပါတယ်။

တချိန်တည်းမှာပဲ အာဖဂန်နစ္စတန်အရှေ့ဘက် Kunar ပြည်နယ်မှာ သောကြာနေ့က အမေရိကန်ရဲ့ မောင်းသူမဲ့ လေယာဉ်ဖြင့်တိုက်ခိုက်မှု ကြောင့် အိုင်အက်စ် အကြမ်းဖက်စစ်သွေးကြွ ၁၄ဦး သေဆုံးခဲ့တယ် လို့ အာဖဂန်နစ္စတန် တာဝန်ရှိသူတွေက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဆီးရီးယား နိုင်ငံ Raqqa မြို့မှာ အိုင်အက်စ် အကြမ်းဖက်စစ်သွေးကြွ တွေကို မြို့မှ ဖယ်ရှားရှင်းလင်းပြီးပြီ ဖြစ်တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦး က ရိုက်တာသတင်းဌာနကို စနေနေ့က ပြောကြားသွားခဲ့ပါတယ်။

အိုင်အက်စ် အကြမ်းဖက်စစ်သွေးကြွအဖွဲ့ ရဲ့ နောက်ဆုံးနေ့ရက်တွေ ရောက်ရှိတော့မှာပါ။ မကြာခင် မြို့ဟာ အကြမ်းဖက်စစ်သွေးကြွအဖွဲ့ လက်ကနေလွတ်မြောက်တော့မှာ ဖြစ်ပါတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် က ဆက်လက်ပြီး ပြောကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်အရှေ့ဘက် Kunar ပြည်နယ်မှာ သောကြာနေ့က အမေရိကန်ရဲ့ မောင်းသူမဲ့ လေယာဉ်ဖြင့်တိုက်ခိုက်မှုဟာ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ခေါင်းဆောင် တွေ အကြမ်းဖက်ဖို့ အစည်းအဝေးပြုလုပ်နေမှုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အာဖဂန်နစ္စတန် မြို့တော်ဝန်ကဆိုပါတယ်။

Source: Fox News and Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။