ဆိုမာလီယာ နိုင်ငံ ရဲ့ မြို့တော် မိုဂါဒစ်ရှုးမှာ ထရပ်ကားဗုံး ပေါက်ကွဲရာမှ လူပေါင်း ၂၀ ဦး သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှု ဟာ အလွန် ကြီးမားပြင်းထန်တဲ့ အတွက် မြို့သူမြို့သားတွေထိတ်လန့်ခဲ့ရပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ အတွင်း အပြင်းထန်ဆုံးပေါက်ကွဲမှုလည်းဖြစ်တယ်လို့ မြို့သူမြို့သားတွေက ဆိုပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှု ကို ရဲတပ်ဖွဲ့မှ ထရပ်ကားဗုံးဖြစ်ကြောင်း စနေနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီ ဗုံးဖောက်ခွဲမှုဟာ လူစည်ကားရာ ဟိုဒန်ရပ်ကွက် မှာရှိတဲ့ ဟော်တယ်တစ်ခုကို ပစ်မှတ်ထား ဖောက်ခွဲတာလို့ ယူဆရပါတယ်။ နောက်ထပ် လူ ၁၅ ဦးလည်း ဒဏ်ရာရသွားပါသေးတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အဆိုပါ ထရပ်ကားကြီးကို ဖယ်ရှားရှင်းလင်းနေပါတယ် လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Mohamed Hussein က ပြောကြားခဲ့ပါတယ်။ လူတွေဟာ အဆိုပါပေါက်ကွဲမှု ဖြစ်ပွားချိန် ဟော်တယ် အတွင်းပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ဟော်တယ် ဟာ ဆိုမာလီယာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအနား မှာ တည်ရှိတာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အဆိုပါပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့သွားရောက်ပြီး ကူညီကယ်တင်မှုတွေ ပြုလုပ်နေပါတယ်။ ဆိုမာလီယာ အခြေစိုက် အစွန်းရောက်အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ al-Shabab အယ်ရှာဖတ် အဖွဲ့ဟာ တိုက်ခိုက်မှုတွေကို နိုင်ငံရဲ့ တောင်ဘက် နဲ့ အလယ်ပိုင်းတွေမှာ မကြာသေးမီက တိုးမြှင့်တိုက်ခိုက်မှု တွေပြုလုပ်ခဲ့ပါတယ်။ အစိုးရ စစ်စခန်းတွေကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

Source: AP News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။