ထက်ထက်မိုးဦး အနုပညာအလုပ်တွေ ဆက်လုပ်ကိုင်ဦးမှာလား……………

"ပန် ပန် ပန် ပန် ပန်………" ဆိုတဲ့ ရွှေစင် ရွှေဆိုင်ကြော်ငြာလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသား အရည်ပျော်သွားအောင် လုပ်နိုင်ခဲ့တဲ့သူလေးကတော့ ထက်ထက်မိုးဦး ပဲဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ အနုပညာအသိုင်းအဝိုင်းက ဆင်းသက်လာသူမဟုတ်ပဲ မိမိ ဝါသနာကိုအရင်းတည်ပြီး ကိုယ့်ထူးကိုယ်ချွန်ကာ အနုပညာလောကကို ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေရရှိခဲ့ပြီး အကယ်ဒမီထူးချွန်ဆိုနှစ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

အကယ်ဒမီထက်ထက်မိုးဦးဟာ အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်ရေးကံခေခဲ့ပေမဲ့ ယခုအချိန်မှာ ချစ်သောခင်ပွန်းသည်ရယ် ချစ်ရတဲ့သမီးလေး စစ်လွန်းလေးရယ်နဲ့အတူ သာယာပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သူမအနေနဲ့ အကြောင်းကြောင်းကြောင့် အနုပညာလောကမှ ခဏတာအနားယူခဲ့ပြီး ယခုအချိန်မှာတော့ MGLM ရဲ့ Regional Director တစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ရုပ်ရှင်ကားကြီးအချို့ကိုလည်း ပြန်လည်ရိုက်ကူးလျက်ရှိပါတယ်။

သူမအနေနဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ဖို့ အစီစဉ် ရှိမရှိကိုတော့ 'လုပ်တာကလုပ်ချင်တယ်။ ဒါပေမဲ့လို့ ဒီအနုပညာအလုပ်ကလည်းလေ ပင်ပန်းတယ်။ ငယ်တုန်းကသာ အဲ့ဒဏ်ကိုခံနိုင်တာပေါ့နော်။ အခုကြီးလာတော့ မရိုက်တာလည်း ကြာပြီဆိုတော့လေ အဲ့နေပူတဲ့ဒဏ် မိတ်ကပ်တွေလိမ်းပြီး တစ်နေကုန်နေရတာတွေ အဲ့တာတွေကို ခံနိုင်မယ်ဆိုတာကျတော့ အရင်ကလောက် ကိုယ့်ဘာသာ မယုံကြည်တော့ဘူးပေါ့နော်' ဆိုပြီး ပြောသွားပါတယ်။

ပရိသတ်ကြီးရေ ချစ်ရတဲ့ ထက်ထက်မိုးဦးလေးက အရင်ကလိုလှတုန်းပဲနော်…………

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။