တိုင်းပြည်ရဲ့ ငွေဘီလီယံ ပေါင်းများစွာ ကို လွဲမှားစွာစီမံ ခန့်ခွဲခဲ့မှု အတွက် ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ကို အရေးယူမှု ပြုလုပ်ပေးရန် စနေနေ့က ပြည်သူထောင်ပေါင်းများစွာ လွတ်လပ်စွာစုရုံးဆန္ဒပြ ခဲ့ကြပါတယ်။ မလေးရှား အတိုက်အခံများဘက်မှ မဲပေးမယ့်ပြည်သူတွေ ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ကို မဲမပေးဖို့ စည်းရုံးကြိုးပမ်းနေကြပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ရဲ့ 1Malaysia Develpment Berhad(1MDB) အရှုပ်တော်ပုံ နဲ့ပတ်သက်ပြီး သူ့ အနေနဲ့ အပြင်းအထန် ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ တစ်နိုင်ငံလုံး ရွေးကောက်ပွဲကို မကြာမီ ဒါမှမဟုတ် နောက်နှစ်လယ်လောက်မှာ ကျင်းပဖို့ရှိနေပါတယ်။ နေထိုင်စရိတ်၊ စားဝတ်နေရေးစရိတ် များ၊ အခွန်အခများ တိုးမြှင့်လာမှု ကြောင့် ပြည်သူများအကြား စိတ်ပျက်နေကြပါတယ်။ ဆန္ဒပြမှု မှာ ပါ၀င်သူ Hasmurni က "အရာရာ တိုင်းရဲ့ စျေးနှုန်းက မြင့်တက်နေသော်လည်း ကျွန်မတို့ရဲ့ လစာတွေက တော့ တိုးလာခြင်းမရှိပါဘူး။ စုဆောင်းမိဖို့လည်းမလွယ်ကူပါဘူး။ ဒါ့ကြောင့် ကျွန်မတို့ ခေါင်းဆောင်ကို နောက်ထပ်မလိုချင်တော့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံကို အချိန်အကြာကြီးအုပ်ချုပ်ခဲ့သူ ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် က ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ဆက်လက်အုပ်ချုပ်နေပါက နိုင်ငံအတွက်မည်သို့မျှကောင်းလာမှာမဟုတ်ကြောင်း သတိပေးလိုက်ပါတယ်။ ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာက ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ဟာ တိုင်းပြည်ရဲ့ ငွေတွေကို ခိုးယူခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး ပြည်သူတွေကို မဲမပေးကြဖို့ လူထုကိုပြောကြားခဲ့ပါတယ်။

Source: channelnewsasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။