“ကွန်ဂရယ်ကျူလေးရှင်းပါ ဒေါ်နယ်ထရမ့်”- ဦးဝီရသူ(မစိုးရိမ်)

============

အမေရိကန် သမ္မတ ရွေးကောက်ပွဲရလဒ်အပေါ် မြန်မာနိုင်ငံမှ အမျိုးသားရေးတက်ကြွလှုပ်ရှားသည့် ဦးဆောင်သံဃာတော် တစ်ပါးဖြစ်သူ ဦးဝီရသူ(မစိုးရိမ်)ကို ဟင်္သာမီဒီယာမှ ဆက်သွယ် မေးမြန်းဖော်ပြလိုက်ရပါသည်။

ဟင်္သာမီဒီယာ။ ။အားလုံးကမျှော်လင့်ထားတာက ဟီလာရီကလင်တန်အနိုင်ရမယ်လို့ထင်ထားပေမယ့် လက်ရှိမှာ ဒေါ်နယ်ထရမ့်က အသာစီးရသွားတဲ့အပေါ် ဆရာတော်ဘယ်လိုသုံးသပ်ပါသလဲ ဘုရား

UWYT။ ။ အမေရိကန်ပြည်သူတွေဟာ တိုင်းပြည်ရဲ့လိုအပ်ချက်အစစ်အမှန်ကို ရွေးချယ်နိုင်သွားတာပေါ့နော်။ တကယ်တော့ တိုးတတ်ခြင်းထက် လုံခြုံရေးဟာပိုပြီးတော့ အရေးကြီးတယ်ဆိုတာက အမေရိကန်ပြည်သူတွေက လက်တွေ့ပြသလိုက်တာပေါ့နော်။ ဒါမှအပြောင်းအလဲအစစ်ဆိုတာ ကမ္ဘာကြီးသိသွားတာပေါ့နော်။

ဟင်္သာမီဒီယာ။ ။ဒေါ်နယ်ထရမ့်သာနိုင်သွားရင် အမေရိကန်မှာ ဘယ်လိုပြုပြင်ပြောင်းလဲရေးတွေဖြစ်လာမလဲဘုရား။

UWYT။ ။အဓိကကတော့ နိုင်ငံတကာဆက်ဆံရေးမှာ ဗိုလ်ကျတဲ့ဝါဒကို လျော့ချသွားပြီးတော့ အားလုံးနဲ့ သဟဇာတဖြစ်ရေးကို ဦးတည်မှာပေါ့နော်။ အဲ့ဒီအတွက် ရုရှနဲ့ အဆင်ပြေသွားမယ် မြောက်ကိုရီးယားနဲ့အဆင်ပြေသွားမယ်။ တရုတ်နဲ့ အဆင်ပြေသွားမယ်။ ကမ္ဘာကြီးဟာ ဒေါ်နယ်ထရမ့်ရဲ့နောက်မှာ အများအပြားရှိနေပြီးတော့ ကမ္ဘာကြီးဟာ ငြိမ်းချမ််းရေးအစစ် အမှန်ကိုရရှိလာနိုင်တော့မှာပေါ့နော်။

ဟင်္သာမီဒီယာ။ ။ဒေါ်နယ်ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေ ပြောဆိုချက်တွေကို ဘယ်လိုသုံးသပ်ပါသလဲဘုရား။

UWYT။ ။ ဒေါ်နယ်ထရမ့်ကမှ ခေါင်းဆောင်အစစ်ပေါ့နော်။ သူဟာနိုင်ငံတကာဖိအားနဲ့ တစ်ခြားတစ်ခြားသော အန္တရာယ်တွေကို အလေးမပြုဘဲနဲ့ ဂရုမပြုဘဲနဲ့ ပြည်သူ့လုံခြုံရေးကိုပဲ သူကြည့်တာပေါ့နော်။ ပြည်သူလူထုလုံခြုံရေးအတွက် သူအမုန်းခံနိုင်တယ် တကယ့်နိုင်ငံရေးသူရဲကောင်းဆိုတာ ဒေါ်နယ်ထရမ့်ပါပဲ။

ဟင်္သာမီဒီယာ။ ။ဟီလာရီကလင်တန် နဲ့ ဒေါ်နယ်ထရမ့်ရဲ့ ကွာခြားချက်ကို အရှင်ဘုရားဘယ်လိုမိန့်ကြားချင်လဲဘုရား။

UWYT။ ။ နှစ်ခုစလုံးနိုင်သွားရင်တော့ အပြောင်းအလဲဖြစ်မှာပေါ့နော်။ တစ်သက်လုံးကအမျိုးသားသမ္မတဖြစ်လာတာကို ဟီလာရင်ကလင်တန်နိုင်ရင်တော့ အမျိုးသမီးသမ္မတအပြောင်းအလဲဖြစ်မှာပေါ့နော်။

ဒါပေမယ့် နိုင်ငံရေးစနစ်ကတော့ မထူးခြားဘူးပေါ့နော်။ ဒေါ်နယ်ထရမ့်နိုင်သွားတဲ့အခါကျတော့ တစ်သက်လုံးက နိုင်ငံရေးအပြောင်းအလဲလုပ်သွားတာပေါ့။ တစ်သက်လုံး အမျိုးသားရေးကို လျစ်လျူရှုခဲ့တာတွေဟာ ဒေါ်နယ်ထရမ့်နိုင်သွားတဲ့အတွက်ကြောင့် အမျိုးသားရေးသာ ပဓာန အမျိုးသားရေးသာ အဓိကဆိုတဲ့ ပြည်သူလူထုရဲ့လုံခြုံရေးဟာ အဓိကဖြစ်သွားတာပေါ့။

ဟင်္သာမီဒီယာ။ ။ဒေါ်နယ်ထရမ့်သာသမ္မတဖြစ်သွားရင် မြန်မာနိုင်ငံကိုရော ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲ။ ဆက်နွယ်မှုရှိလာနိုင်မလား။

UWYT။ ။ ဆက်နွယ်မှုရှိလာနိုင်ပါတယ်။ ဦးဇင်းတို့နိုင်ငံကို ဆက်ဆံရေးဟာ ပြောင်းပြန်အချိုးအစားဖြစ်သွားမှာပေါ့နော်။ ဟိုအရင်တုန်းက ဦးဇင်းတို့ဆောင်ရွက်နေစဉ်က သူတို့တွေက အစွန်းရောက်တို့ အမြင်ကျဉ်းမြောင်းသူတို့ သတ်မှတ်ပြီးတော့ ပိတ်ဆိုးမှုတွေ နှောက်ယှက်မှုတွေ ဟန့်တားမှုတွေ အများကြီးလုပ်ခဲ့တယ်။ ခုတော့ အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဆရာတော် သံဃာတော်တွေဦးဆောင်နေတဲ့ အမျိုးသားရေးအဖွဲ့အစည်းတွေဟာ တကယ်လိုအပ်တယ် အမျိုးသားလုံခြုံရေးဟာ တကယ်အရေးကြီးတယ်ဆိုတာ သိသွားနိုင်တဲ့အတွက်ကြောင့် အမေရိကန်နဲ့ မြန်မာပြည်သူတွေဟာ တစ်သွေးတည်း တစ်သားတည်းဖြစ်သွားမှာပေါ့။

ဟင်္သာမီဒီယာ။ ။ အမေရိကန်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ဘာများဖြည့်စွတ်မိန့်ကြားချင်လဲဘုရား။

UWYT။ ။ ကွန်ဂရယ်ကျူလေးရှင်းပါ ဒေါ်နယ်ထရမ့်လို့ ပြောချင်ပါတယ်။

ဟင်္သာမီဒီယာ။ ။ အခုလို မိန့်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။

Source:Hintada Media

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။