မကွေးနဲ့ပွဲမှာပရိသတ်ပေးတဲ့အကောင်းဆုံးဆုရခဲ့တဲ့တင်ဝင်းအောင်

မြန်မာ့လက်ရွေးစင်ကစားသမားတင်ဝင်းအောင်

ကစားသမားဘဝရဲ့အကောင်းဆုံးခြေစွမ်းကိုရောက်နေပြီလို့

ပြောလို့ရပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းမှာလည်း

သူကအဓိကကစားသမားတစ်ယောက်ဖြစ်သလို

မိခင်ကလပ်ဖြစ်တဲ့ရှမ်းအသင်းမှာလည်းအခရာပါ။

ဒီနှစ်ရှမ်းအသင်းဟာမြန်မာနေရှင်နယ်လိဂ်မှာ

ထိပ်ဆုံးကပြေးနေပါတယ်။ကွင်းလယ်ဗိုလ်ချုပ်

တင်ဝင်းအောင်ရဲ့အကောင်းဆုံးခြေစွမ်းပြမှုတွေနဲ့ပေါ့။

ခြေစွမ်းတွေတောက်လျှောက်ပြနေတဲ့တင်ဝင်းအောင်ဟာ

ဒီတစ်ပါတ်ကစားခဲ့တဲ့မကွေးနဲ့ပွဲမှာလည်းပရိသတ်တွေချီးမြင့်တဲ့

အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်၊ရှမ်းအသင်းကိုအားပေးတဲ့ပရိသတ်တွေဟာသူတို့အသင်း

ကစားတဲ့ပွဲစဉ်တစ်ပွဲပြီးတိုင်းအကောင်းဆုံးကစားသမား

ဆုပေးအပ်ချီးမြင့်လေ့ရှိပြီးတင်ဝင်းအောင်ရရှိခဲ့တာပါ။

တင်ဝင်းအောင်အနေနဲ့လက်ရှိခြေစွမ်းတွေကိုဆက်ထိန်း

ပြီးရှမ်းအတွက်ပထမဆုံးချန်ပီယံဆုဖလားကြီးကိုရယူ

သွားနိုင်မလားဆိုတာတော့စောင့်ကြည့်သွားရမှာပါ။

ရှမ်းအသင်းဟာဒီတစ်ပါတ်မကွေးနဲ့ပွဲမှာပက်ထရစ်ရဲ့

ဂိုးနဲ့မကွေးကိုခက်ခက်ခဲခဲကစားပြီးအနိုင်ရခဲ့တာပါ။

ဒီပွဲပြီးရင်ရှမ်းဟာပုသိမ်နဲ့Ayaနဲ့လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ကစားသွားရမှာပါ။

ပထမအကျော့တောင်ကြီးမှာတုန်းကသရေကျခဲ့ပါတယ်။

အမှတ်ပေးဖလားပွဲမှာတော့နောက်ပွဲကမန္တလေးမှာရတနာပုံ

နဲ့ပွဲကြပ်ပါ။ဒီပွဲဟာရှမ်းအသင်းအတွက်ချန်ပီယံဆုရယူ

ရေးအတွက်အဆုံးအဖြတ်ဖြစ်လာမှာပါ။တင်ဝင်းအောင်တစ်ယောက်ပုသိမ်နဲ့မန္တလေးမှာရော

ရှမ်းအတွက်ခြေစွမ်းပြနိုင်မှာလားဆိုတာတော့..

Source-Shan UTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။