မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘက်တစ်အသင်းဟာ အိမ်ကွင်းမှာ ဗလင်စီယာအသင်းကို ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဗလင်စီယာအသင်းကတော့ အဝေးကွင်းမှာ ၃ မှတ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာကစားသမားတွေ တစ်ယောက်တစ်ဂိုးစီသွင်းယူခဲ့ပြီး ၆ ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် ဗလင်စီယာအသင်းဟာ ၁၈ မှတ်ရရှိထားပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဘတ်တစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လီယွန်၊ ဆာနာဘရီးယား၊ ဂျိုအာကွင်း၊ ဖာဘီယန်၊ ဂွာဒါဒို၊ နာဗက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရိုဒရီဂို၊ ဇာဇာ၊ ဂွာဒက်၊ ကွန်ဒေါ့ဘီယာ၊ ပါရီဂျို၊ ၊ဆိုလာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘတ်တစ်အသင်းဟာ ဗလင်စီယာအသင်းကို အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ ဗလင်စီယာအသင်းရဲ့ အဆုံးသတ်သေချာမှုတွေက ဂိုးပြတ်နိုင်ပွဲရရှိစေခဲ့တာလည်းဖြစ်ပါတယ်။ 

ဗလင်စီယာအသင်းအတွက်အဖွင့်ဂိုးကိုတော့ ၃၅ မိနစ်မှာ ကွန်ဒေါ့ဘီယာကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၄၅ မိနစ်မှာတော့ ဂွာဒက်က နှစ်ဂိုးမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။၆၄ မိနစ်မှာ ရိုဒရီဂိုက သုံးဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး လေးဂိုးမြောက်ဂိုးကို ၇၄ မိနစ်မှာ မီနာက သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဘတ်တစ်အသင်းဟာ (၇၉ မိနစ်မှာ ကမ်းဘဲလ်)(၈၀ မိနစ်မှာ ဆာနာဘရီးယား)(၈၄ မိနစ်မှာ တယ်လို ) တို့က ချေပဂိုး သုံးဂိုးကို ဆက်တိုက်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းအတွက် နောက်ဆုံး နှစ်ဂိုးကိုတော့(၈၈ မိနစ်မှာ ဇာဇာ)(၉၀+၄ မိနစ်မှာ ပါရဲရား) တို့က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။