အမေရိကန်စစ်တပ်မှာ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ သုံးတဲ့ နည်းလမ်းတစ်မျိုးပါ။ ဒီနည်းလမ်းက ခန္ဓာကိုယ် ကြံံ့ခိုင်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အဆီတွေကို အလွယ်တကူ လောင်ကျွမ်းစေပြီး ၃ ရက်အတွင်း သိသိသာသာ ခန္ဓာကိုယ်အလေးချိန်ကျစေမဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းလေးကို ပရိတ်သတ်ကြီး သိစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ 

ဒီနည်းလမ်းကတော့ အောက်ပါအတိုင်း အစားအသောက်ကို ဂရုစိုက် စားသုံးပေးရမှာပဲ ဖြစ်ပါတယ်။

ပထမရက်

မနက်စာ အနေနဲ့ မြေပဲထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း နှင့် ပေါင်မုန့်မီးကင် တစ်ချပ်၊ လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီတစ်ခွက် ၊ Grapefruit တစ်ခြမ်း တို့ကို စားသုံးပါ။

နေ့လည်စာ ကတော့ ပေါင်မုန့်မီးကင် တစ်ချပ်၊ တူနားငါး တစ်ခွက်၊ လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီတစ်ခွက် သောက်ပါ။

ညစာကိုတော့ အစိမ်းရောင်ရှိသော ပဲတစ်ခွက်၊ နှစ်သက်ရာ အသား ၄ အောင်စ၊ ပန်းသီးအသေး တစ်လုံးနှင့်

ငှက်ပျော်သီးတစ်ခြမ်း၊ နို့ရေခဲမုန့် တစ်ခွက် သုံးဆောင်ပါ။

ဒုတိယရက်

မနက်စာကို ပေါင်မုန့်မီးကင်တစ်ချပ်၊ ကြက်ဥတစ်လုံး၊ ငှက်ပျောသီး တစ်ခြမ်း စားပါ။

နေ့လည်စာ ကတော့ ကြက်ဥပြုတ် ၁လုံး၊ Cottage Cheese တစ်ခွက်၊ Saltine Crackers ငါးချပ် စားပါ။

ညစာကိုတော့ ကြက်အူချောင်း (သို့မဟုတ်) ၀က်အူချောင်းပြုတ် ၂ချောင်း၊ မုန်လာဥနီခွက် တစ်ဝက်၊ ပန်းဂေါ်ဖီစိမ်း တစ်ခွက်၊ ငှက်ပျော်သီး တစ်ခြမ်း၊ နို့ရေခဲမုန့် တစ်ခွက် သုံးဆောင်ပါ။ 

တတိယရက်

မနက်စာကို Cheese တစ်ချပ်၊ Saltine Crackers ငါးချုပ်၊ ပန်းသီးအသေး တစ်လုံး စားပါ။

နေ့လည်စာအနေဖြင့် ပေါင်မုန့်မီးကင် ၁ချပ်၊ ကြက်ဥပြုတ် ၁လုံး စားပါ။

ညစာအနေနဲ့ကတော့ တူနာငါးတစ်ခွက်၊ ငှက်ပျောသီး တစ်ခြမ်းနှင့် နို့ရေခဲမုန့်တစ်ခွက် စားသုံးရပါမယ်။

ဒီလို နည်းလမ်းလေးတွေကို သိရှိပြီးနောက် သွယ်လျ လှပသော ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပျော်ရွှင်သော နေ့ရက်လေးများ ဖြစ်ကြပါစေ ရှင် ….

သတင်းအရင်းအမြစ် - myfoodmyanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။