လက်ဆေးခြင်းက ဘယ်လို အရေးပါတယ်။ ကျန်းမာရေးအတွက် ဘာတွေ အထောက်အကူဖြစ်လဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဘယ်လိုအချိန်မှာ လက်ကို ဆေးကြောသင့်လဲ ???

- အစားအသောက် မပြင်ဆင်မှာ ဆေးသင့်တယ်

- အစားအသောက် ပြင်ဆင်ပြီးရင်လည်း ဆေးသင့်တယ်

- ရေအိမ် (အိမ်သာ)က ပြန်လာရင်လည်း ဆေးသင့်တယ်

- အမှိုက်ပစ်ပြီးတဲ့အခါ၊ အမှိုက်ပုံးနဲ့ ထိတွေ့မိတဲ့ အခါမှာ ဆေးသင့်တယ်

- တိရိစ ္ဆာန်လေးတွေ ကိုင်ပြီးတဲ့အခါမှာ ဆေးသင့်တယ်

- လူနာကို ထိတွေ့၊ ပြုစု ပြီးတဲ့အခါ လက်ဆေးသင့်တယ်

- အလုပ်က ပြန်လာတဲ့အခါ လက်ဆေးသင့်တယ်

- အပြင်က ပြန်လာတဲ့အခါ၊ လိုင်းကား၊ Taxi ကားစီးပြီး ပြန်လာတဲ့အခါ လက်ဆေးသင့်တယ်

- မသန့်ရှင်းတဲ့ အရာတွေ ထိတွေ့ကိုင်တွယ်ပြီးတဲ့အခါမှာ လက်ဆေးသင့်တယ်။  

ဒီလို လက်ဆေးခြင်းဖြင့်

- တုပ်ကွေးရောဂါ

- မျက်စိနာခြင်း

- ၀မ်းပျက်၊ ၀မ်းလျော ရောဂါ … စတာတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ငွေကုန်ကြေးကျ အလွန်နည်းပြီး ရောဂါ ကာကွယ်တဲ့ နည်းလမ်းကတော့ လက်ဆေးခြင်းပဲ ဖြစ်ပါတယ်။ လက်ကို နည်းလမ်းမှန်မှန်ဆေးကြောပါက ကူးစက်ရောဂါများရဲ့ ၄၀ % ရာခိုင်နှုန်းကို ကာကွယ်ပေးပါတယ်။ လက်ဆေးတဲ့အခါမှာ ဆပ်ပြာတိုက်ပြီး စက္ကန့် ၂၀ခန့် ပွတ်တိုက်ဆေးကြော သင့်ပါတယ်။ 

အခုလို လက်ဆေးခြင်းရဲ့ ကောင်းကျိုးတွေရော၊ လက်ဆေးတဲ့ နည်းလမ်းတွေရော သိရှိပြီးပြီဆိုတော့ အားလုံးပဲ ကျန်းမာရေး ဗဟုသုတများ တိုးပွားရင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …

သတင်းအရင်းအမြစ် - ဒေါက်တာ မင်းထင်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။