ဗမာအစားအသောက်တွေချည်း နေ့စဉ်စားနေရလို့ငြီးငွေ့နေပြီလား ..ကိုယ့်ရဲ့ နေအိမ်မှာအလွယ်တကူချက်စားလို့ရမယ့် ထိုင်းအစားစာလေးတစ်ခုကို မျှဝေပေးမယ်နေ်ာ။ အဲ့ဒါကတော့ ထိုင်းစတိုင် ကြက်သားအစပ်ကြော်နည်းလေးပါ။ အောက်ပါနည်းအတိုင်းလုပ်ကြည့်ပါ။

စပါးလင်နံ.မွှေးမွှေးလေးနဲ.ငရုတ်သီးစိမ်းအရသာ

စပ်စပ်လေးနဲ.ခံတွင်းတွေ.စေမယ့် ဟင်းတစ်ခွက်ပါ။ ချက်ရတာလည်း လွယ်ကူတာမို.ချက်နည်းလေးပြန်လည်မျှဝေပေးလိုက်တယ်နော်

ပါဝင်ပစ္စည်းများ

ကြက်သား- ၁၅ ကျပ်သား(၁လက်မအရွယ်ပြားပြားလှီး)

စိမ်းစားငပိ - စားပွဲတင်ဇွန်း ၁ ဝက်

ကြက်သားမှုန်.-လက်ဖက်ရည်ဇွန်း ၁ စွန်း

ခရုဆီ - စားပွဲတင်ဇွန်း ၁ စွန်း ခွဲ

စပါးလင် - ၁ ပင် (ပါးပါးလှီး)

ငရုတ်သီးစိမ်းအနီ- ၁၀ ခု (ပါးပါးလှီး)

ကြက်သွန်နီ - ၁ ဝက် (ပါးပါးလှီး)

ကြက်သွန်ဖြူ- ၅ မွှာ (ပါးပါးလှီး)

ကြက်သွန်မြိတ် - အနည်းငယ် (ပါးပါးလှီး)

ဒယ်ထဲ ဆီထည့်ပြီး ဆီပူလာရင် ကြက်သားထည့်ပါ။

ငပိထည့်ပါ။ကြက်သားမှုန်.ထည့်ပါ။ခရုဆီထည့်ပြီး မွှေပေးပါ။ရေအနည်းငယ်ထည့်ပြီး ကြက်သားများနူးအောင် ကြော်ပေးပါ။ကြက်သားများ နူးပြီဆိုရင် စပါးလင် ငရုတ်သီးစိမ်း ကြက်သွန်ဖြူနီ ကြက်သွန်မြိတ်ထည့်ပြီး ခဏကြော်ပေးပါ။

အခုဆိုရင် အရသာစပ်စပ်လေးနဲ.စားလို.ကောင်းတဲ့ ထိုင်းစတိုင် ကြက်သားအစပ်ကြော်ဟင်းတစ်ခွက် ရပါပြီ ..

Source : Food in Yangon 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။