ဒီတစ်ပတ်အတွင်းမှာ စျေးနှုန်းပြောင်းလဲခဲ့တဲ့ သီးနှံများအကြောင်းကို ပရိတ်သတ်ကြီး သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ပေါ်ဆန်းမွှေးစျေးတက်

နယ်စုံ၊ ဖျာပုံ၊ မြောင်းမြ၊ ရွှေဘိုပေါ်ဆန်မွှေးကတော့ ဒီတစ်ပတ်မှာတစ်အိတ်ကို ငွေကျပ်၂ဝဝဝ လောက် စျေးမြင့် တက်လာပါတယ်။ တစ်လနီးပါးအတွင်း တစ်အိတ်ကို ငွေကျပ် ၅ဝဝဝ လောက်စျေးက တက်လာပါတယ်။

လက်ရှိရွှေဘိုပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကို ငွေကျပ် ၄၈၅ဝဝ ကနေ ၅ဝဝဝဝ၊ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ငွေကျပ် ၃၄ဝဝဝ ကနေ ၃၆၅ဝဝ ကျပ်၊ မြောင်းမြ ပုသိမ် ပေါ်ဆန်းမွှေးက တစ်အိတ်ကို ငွေကျပ် ၃၅၅ဝဝ ကနေ ငွေကျပ် ၄ဝဝဝဝ ၊ နယ်စုံက တစ်အိတ်ကို ငွေကျပ် ၃၃ဝဝဝ ကနေ ငွေကျပ် ၃၅ဝဝဝ နဲ့ ဒေးဒရဲကတော့ တစ်အိတ်ကို ငွေကျပ် ၃၄ဝဝဝ ကနေ ၃၆ဝဝဝ ပေါက်စျေးရှိပါတယ်။ လတ်တလော ကတော့ ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်ကတော့ သွက်နေပါတယ်။

ဧည့်မထဆန် စျေးအနည်းငယ်ထပ်ကျ

ပြီးခဲ့တဲ့ အပတ်ကတစ်အိတ်ကို ငွေကျပ် ၅ဝဝ လောက် စျေးကျဆင်းခဲ့ပြီး ဒီတစ်ပတ်မှာလည်း တစ်အိတ်ကို ငွေကျပ် ၃ဝဝ လောက်ထပ်ပြီး စျေးက ကျဆင်းသွားခဲ့ပါတယ်။ စျေးတွေ ကျဆင်းသွားပေမယ့် ပြည်တွင်းရော ပြည်ပပို့ကုန်မှာပါ ဆန်က ပုံမှန်အရောင်းအဝယ် ရှိနေပါတယ်။ 

မတ်ပဲ

မတ်ပဲကတော့ စက်တင်ဘာလကတည်းက တအိအိနဲ့ စျေးကျဆင်းလာတာ လက်ရှိအချိန်မှာ တစ်တန်ကို ငွေကျပ် ၅ဝဝဝဝဝ အောက်ထိ စျေးက ကျဆင်းသွားခဲ့ပါတယ်။ စက်တင်ဘာလပထမအပတ်မှာ တစ်တန်ကို ငွေကျပ် ၆ဝဝဝဝဝ နီးပါးရှိခဲ့ပေမယ့် တစ်လအတွင်းမှာ တစ်တန်ကို ငွေကျပ် ၁ဝဝဝဝဝ နီးပါးက ကျဆင်းသွားခဲ့ပါတယ်။ ၂ဝ၁၇ စက်တင်ဘာလမှာတော့ တစ်တင်းကို အမြင့်ဆုံးစျေးက ငွေကျပ် ၂ဝဝဝဝ ကျော်သာရှိပါတော့တယ်။ လက်ရှိမတ်ပဲပေါက် စျေး တစ်တန်ငွေကျပ် ၄၉၅ဝဝဝ နဲ့ အရောင်းအဝယ်ရှိနေပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကလည်း ဒီတစ်ပတ်မှာတစ်တန်ကို ငွေကျပ် ၄ဝဝဝဝဝ အောက်ထိ စျေးက ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေက မတ်ပဲလောက် အတက်အကျမကြမ်းဘဲ စျေးက ကျဆင်းသွားပေမယ့် ဒီတစ်ပတ်မှာတော့ သိသာစွာစျေးက ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်က တစ်တန်ကို ငွေကျပ် ၄ဝဝဝဝဝ ကျော် ပေါက်စျေးရှိခဲ့ပြီး ဒီတစ်ပတ်မှာတော့ တစ်တန် ကို ငွေကျပ် ၄ဝဝဝဝ နီးပါး ကျဆင်းသွားခဲ့ပါတယ်။ ပြည်တွင်း မှာလည်း အရောင်းအဝယ်က မရှိသလောက် ဖြစ်နေတဲ့ အခြေအနေဖြစ်နေပါတယ်။ ၂ဝ၁၇ စက်တင်ဘာလမှာတော့ တစ်တင်းကိုအမြင့်ဆုံး ငွေကျပ် ၁ဝဝဝဝ ကျော်သာ ရှိပါတော့တယ်။

ကြက်သွန်နီစျေးပြန်တက်

ပြီးခဲ့တဲ့ အပတ်က စျေးအနည်းငယ်ကျဆင်းခဲ့တဲ့ ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ စျေးပြန်တက်လာပါတယ်။ ဒီတစ်ပတ်မှာတော့ တစ်ပိဿာကို ငွေကျပ် ၃ဝဝ လောက်စျေးပြန်တက်ခဲ့ပြီး အမြင့်ဆုံးစျေးက ငွေကျပ် ၂၄ဝဝ အထိရှိနေပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်) စျေးဆက်တက်

ပစ္စည်းအဝင်များတဲ့အတွက် စျေးတွေ ဆက်တိုက် ကျ ဆင်းခဲ့တဲ့ ကြက်သွန်ဖြူ(ကြူကုတ်)က လက်ရှိမှာတော့ စျေးက ဆက်တက်နေပါတယ်။ ပွဲတော်ကာလဖြစ်နေတဲ့အတွက် လက်ရှိ မှာတော့ တစ်ပိဿာကိုအမြင့်ဆုံးစျေး ငွေကျပ် ၁၈ဝဝ ပေါက် စျေးရှိနေပါတယ်။

သတင်းအရင်းအမြစ် - ၀တ်ရည်မွန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။