ကမ္ဘာ့အဆင့်ကျသွားတဲ့မြန်မာ

အောက်တိုဘာလအတွက်Fifaကမ္ဘာ့အဆင့်သတ်မှတ်ချက်

တွေထွက်လာပါပြီ။မြန်မာအသင်းကတော့ယခင်လကထက်

ကမ္ဘာ့အဆင့်သုံးဆင့်ကျဆင်းသွားခဲ့ပြီး155မှာရပ်တည်နေပါတယ်။ဒါပေမယ့်အာဆီယံအဆင့်သတ်မှတ်ချက်အရတော့

ကြီးလေးကြီးထဲဝင်နေဆဲပါ။အာဆီယံဇုန်ကအသင်း

တွေထဲမှာထိပ်ဆုံးလေးသင်းကဖိလစ်ပိုင်၊ဗီယက်နမ်၊

ထိုင်းနဲ့မြန်မာတို့ပါ။

အာဆီယံအသင်းတော်တော်များများဟာ

ဒီလထဲမှာအာရှဖလားခြေစစ်ပွဲတွေကစားခဲ့ရပါတယ်။

ထိုင်းကလွှဲလို့ပေါ့။ထိုင်းကတော့အာရှဖလားခြေစစ်ပွဲအောင်

နှင့်ပါပြီ။အာဆီယံထိပ်ဆုံးမှာတော့ဖိလစ်ပိုင်ဆက်လက်ရပ်တည်နေပါတယ်။

ဖိလစ်ပိုင်ဟာအာရှဖလားခြေစစ်ပွဲမှာယီမင်ကိုသရေကစားခဲ့ပြီး

အာဆီယံအဆင့်တစ်နေရာမှာဆက်လက်ရပ်တည်နေတာပါ။အုပ်စုဒုတိယနေရာမှာတော့ကမ္ဘောဒီးယားကိုဂိုးပြတ်

အနိုင်ကစားခဲ့တဲ့ဗီယက်နမ်ရပ်တည်နေပါတယ်။ဗီယက်နမ်ဟာ

ကမ္ဘာ့အဆင့်100ထဲဝင်ဖို့ကြိုးစားနေပြီးဒီလမှာလဲကမ္ဘာ့အဆင့်

ကိုးဆင့်အထိတက်လာခဲ့တာပါ။

တတိယနေရာမှာတော့ထိုင်းကရပ်တည်နေပြီးနံပါတ်လေး

နေရာမှာတော့မြန်မာပါ။မြန်မာရဲ့အောက်မဗာ

လာအို၊အင်ဒို၊မလေးတို့ရပ်တည်နေပါတယ်။ထူးခြားမှုတစ်ခုက

ကမ္ဘောဒီးယားကစင်ကာရဲ့အထက်မှာရပ်တည်သွားတာပါပဲ၊၊

စင်ကာပူကတော့အာဆီယံအောက်ဆုံးသုံးသင်းစာရင်း

ဝင်သွားပြီးဘရူနိုင်း၊တီမောတို့နဲ့အတူရပ်တည်နေပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။