ပြင်သစ် နိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့ တရားမဝင်အခြေချနေထိုင်သူတွေ တိုင်းပြည် မှ ထွက်ခွာရလိမ့်မယ် လို့ ပြင်သစ်သမ္မတ Emmanuel Macron က တနင်္ဂနွေနေ့က အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ ပြင်သစ်သမ္မတက "ဥပဒေအသစ် မ ပြဌာန်းဘဲလည်း ကျွန်တော်တို့ ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားမဝင်အခြေချနေထိုင်သူတွေ ပြစ်မှုကျူးလွန်ပါက တိုင်းပြည်အတွင်းက နှင်ထုတ်သွားမှာပါ" လို့ ပြောကြားသွားတာပါ။

ယခုလို ပြင်သစ် သမ္မတ ရဲ့ ပြောဆိုမှုဟာ အောက်တိုဘာလ ၁ ရက်နေ့က မာဆေးမြို့ မှာ အမျိုးသမီးနှစ်ဦးကို တူနီးရှားအမျိုးသားတစ်ယောက်က ဓားနဲ့ ထိုးခဲ့မှု ဖြစ်ပွား အပြီး ပြောဆိုမှု ထွက်ပေါ်လာတာပါ။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Ahmed Hanachi ဆိုတဲ့ တူနီးရှားအမျိုးသား ဟာ အရက်သေစာသောက်စား တဲ့ ကိစ္စတွေ အပြင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှုနဲ့ မကြာခဏ ဆိုသလို ဖမ်းဆီးခံခဲ့ရသူပါ။ 

ပြင်သစ်နိုင်ငံမှာ မကြာခဏ ဆိုသလို အကြမ်းဖက်တိုက်ခိုက်မှု တွေဖြစ်ပေါ်နေတာလဲ ဖြစ်ပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron အနေနဲ့ ယခုလို ပြစ်မှုကျူးလွန်ခြင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှု တွေများပြားလာခြင်းတို့ကြောင့် တရားမဝင် အခြေချနေထိုင်သူတွေ ပြစ်မှုကျူးလွန်ပါက နှင်ထုတ်တော့မှာ ဖြစ်တယ် လို့ပြောကြားခဲ့တာပါ။ ပြင်သစ်သမ္မတ Emmanuel Macron အနေနဲ့ တိုင်းပြည်တွင်းပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။

Source: AFP News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။