အများစုက ပူအိုက်တဲ့ ရာသီဥတုကိုမကြိုက်ကြသလို ပူတာကိုလည်း မခံနိုင်ကြပါဘူး။ ဒီလို အပူသက်သာစေဖို့ အိမ်မှာ (သို့မဟုတ်) ရုံးမှာ နေတဲ့အခါဖြစ်ဖြစ်၊ အိပ်စက်တဲ့အခါပဲဖြစ်ဖြစ် အဲကွန်းတို့ ပန်ကာတို့ကို အသုံးပြုတတ်ကြပါတယ်။ ပန်ကာ နှင့် အဲကွန်း အသုံးပြုခြင်းက ကျန်းမာရေး နှင့် ညီညွတ်ခြင်း ရှိ/ မရှိနှင့် ကျန်းမာရေးနဲ့ ဘယ်လို သက်ဆိုင်နေလဲ ဆိုတာကို ဖော်ပြလိုက်ပါတယ်။

အဲကွန်းက အခန်းအပူချိန် ကို လျှော့ချရန်နှင့် လူ့ခန္ဓာကိုယ် အပူ ၊ အအေးကို ထိန်းညှိပေး နိုင်ရန်အတွက် ဖြစ်ပါတယ်။ အဲကွန်း ရဲ့ Fan ဆိုတဲ့ ခလုပ်ကို အမြင်ဆုံး (High) မှာ မထားသင့်ပါ။ တစ်ညလုံး ဖွင့်မည် ဆိုလျှင် အနိမ့် (Low) မှာသာထားပြီး အိပ်စက်သင့်ပါတယ်။ အချို့ အခန်းကြီးများက ကျယ်ဝန်းသဖြင့် 16' C ၊ 18' C ထားနိုင်သော်လည်း ၁၀ ပေပတ်လည် အခန်း အကျယ်အဝန်း ဆိုပါက 25' C ၀န်းကျင်လောက် သာ ထားသင့်ပါတယ်။ သက်ကြီးရွယ်အို လူကြီးများ ဖြစ်ပါမူ 25'C မှ 30' C အတွင်းကြားတွင် ထားမှသာ ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ အဲကွန်းရှိ ရေငွေ့ အထွက်များလျှင် လူကြီးများရဲ့ အသက်ရှူ လမ်းကြောင်းတွင် ပြဿနာ ပေါ်တတ်ပြီး ချွဲပိတ်တတ်ပါတယ်။

ပြင်ပအပူချိန်နှင့် အတွင်း အပူချိန်တွေ ခြားနားချက် 15' C ရှိလျှင် လေဖြတ်တတ်ပါတယ်။

ညဉ့်ဦးပိုင်းမှာ အိုက်ပြီး ညဉ့်နက်ပိုင်းမှာ အေးသော ဥတုပြောင်းချိန် မျိုးမှာ ဆိုလျှင် အဲကွန်းကို Timer သုံးပြီး ဖွင့်ထားသင့်ပါတယ်။

အိပ်ခန်းအတွင်း အဲယားကွန်းကို တပ်ဆင်ရာတွင် အနေအထား မှန်ဖို့ လိုအပ်ပါတယ်။ သတိပြုသင့် သည်မှာ အိမ်ရာ ခေါင်းရင်း ၊ ခေါင်းပေါ်တည့်တည့် တွင် မထားသင့်ပါ။

အိပ်ခန်းထဲတွင်တပ်ဆင်မည်ဆိုပါက Split Type ဟုခေါ်သော အပြင်တွင် ထားသည့် စက်အမျိုးအစား ကိုသာ သုံးသင့်ပါတယ်။ 

ပန်ကာကို ရင်ဘတ်တည့်တည့် ဖွင့်အိပ်ပါက လေဖြတ်တတ်ပါတယ်။ ပန်ကာဖွင့်ပြီး အိပ်စက်ခြင်းကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ ပန်ကာလေက လူ့ခန္ဓာကိုယ်မှ ထွက်နေသော အခိုးကို ငုပ်စေပြီး မွေးညင်းပေါက် ကလေးများကို ပိတ်သွား စေပါတယ်။ မျက်နှာကြက် ပန်ကာအောက်တွင် တစ်နေကုန် တစ်နေခမ်း အလုပ်လုပ်ပါက ဆံပင်ကျွတ်ပြီး အာရုံကြော ထိခိုက်တတ်ပါတယ်။

မဖြစ်မနေ ပန်ကာနဲ့ အိပ်မယ်ဆိုရင်တော့

- ညမိုးချုပ် အိပ်ခါနီးမှ ခေါင်းမလျှော်ပါနဲ့။ ဆံပင်ရေစိုနဲ့ မအိပ်ပါနဲ့။

- ပန်ကာနဲ့ အိပ်မယ်ဆို ၁ နာရီလောက် အိပ်ပျော်ချိန်မှန်း timer ပေးအိပ်ပါ။

- အိပ်ရာမဝင်ခင် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

Source: TCMpartners 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။