ရုပ်ရှင်သရုပ်ဆောင် ပြည်သူချစ် မင်းသားချော အကယ်ဒမီနေတိုးဟာ သူ့ရဲ့ ငယ်ဘဝကို သရုပ်ဆောင်မယ့် အမွှာကလေးနှစ်ယောက်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်..။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးရဲ့ ငယ်ဘဝကို ပါဝင်သရုပ်ဆောင်မယ့် အမွှာညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ အရှင်ဆန္ဒာဓိကရဲ့ “အသေလှတဲ့သူ” စာအုပ်မှ ဖြစ်ရပ်မှန်ကို အခြေံခံပြီး ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ နေတိုးရဲ့ ငယ်ဘဝအဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်..။ အမွှာကလေးနှစ်ယောက်ကို နေတိုးကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်..။ မရမ်းကုန်းမှာ နေထိုင်တဲ့ အမွှာညီအစ်ကိုတွေ ဖြစ်ကြတဲ့ ဇွဲဝေယံထက် နဲ့ ဇွဲဝေယံထူးကိုလည်း ကိုယ်တိုင် တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားမှာ နေတိုးရဲ့ ငယ်ဘဝအဖြစ် ပါဝင်သရုပ်ဆောင်မယ် အမွှာညီအစ်ကိုနှစ်ယောက်နဲ့ ပတ်သက်ကြီး နေတိုးက အခုလို ပြောပါတယ်..။ “ဒီကလေးနှစ်ယောက်က အနီးစပ်ဆုံးနဲ့ အဆင်ပြေဆုံးဖြစ်တဲ့အတွက် ဒီကလေးနျစ်ယောက်ကို ရွေးလိုက်တာပါ..။ သူတို့က ဇာတ်ကားရဲ့ မိန်းကာရိုက်တာတွေပါပဲ..။ ငယ်ဘဝမှာ လောလောဆယ်မှာ သူတို့က ကိုရင်လေးတွေအဖြစ်နဲ့လည်း သရုပ်ဆောင်ရမယ့်.. ရိုးရိုးအရပ်သားပုံစံနဲ့လည်း သရုပ်ဆောင်ရမယ်.. ပုံစံနှစ်မျိုးသရုပ်ဆောင်ရမှာ ဖြစ်ပါတယ်..။ သူတို့လေးတွေက ကျွန်တော့ အိုင်တင်တွေကို လေ့လာထားတာလေးတွေလည်း ရှိတယ်..။” လို့ ပြောပြထားပါတယ်..။

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ(၁)ရက်နေ့မှာ စတင်ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်..။ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးမှာ ဖြစ်ပြီး ဒါရိုက်တာ သြရသ က ပုံဖော်ရိုက်ကူးမှာ ဖြစ်ပါတယ်..။ သရုပ်ဆောင်တွေ အနေနဲပကတော့ နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း တို့ က ပါဝင်သရုပ်ဆောင် ရိုက်ကူးမှာ ဖြစ်ပါတယ်..။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးဟာ နေတိုးနဲ့ ဖွေးဖွေးတို့ “ကျွန်မနှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားအပြီး နှစ်ယောက်အတူတူ ပြန်လည်တွေ့ဆုံရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်..။

Source - Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။