ခုခေတ်နောက်ပိုင်းရဲ့ Bar တွေ club တွေမှာ Shisha ကို လွယ်လွယ်ကူကူနဲ့ ဝယ်ယူသောက်သုံး လို့ရပါတယ်။ Cigarette လိုမဟုတ်ပဲ အနံ့လေးတွေကလဲ မွှေးတော့ လူကြီးလူငယ် ကျား မ မရွေး စမ်းသောက်နေကြပါတယ်။ ဒါပေမဲ့ Shisha သုံးစွဲခြင်းက ကျန်းမာရေးနဲ့ ညီညွတ်လား ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရလဲ စသဖြင့် ကျန်းမာရေး ဗဟုသုတရစေရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်ဆိုတာ လူတိုင်းသိကြပေမဲ့ Shisha smoking နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။ 

Shsiha အကြာင်းသင်သိထားသင့်တဲ့ 11 ချက်

1. Shisha smokingက စီးကရက် သောက်ခြင်းနှင့်မကွာခြားပါဘူး။။

2. Shisha က carbon monoxide ပါဝင်မှုနှုန်း cigarette ထက်ပိုများပါတယ်၊ Carbon monoxide တွေက သွေးနီဥနေရာတွေဝင်ယူပြီး ခန္ဓကိုယ်ထဲက အင်္ဂါရပ်တွေကို oxygen ရောက်ဖို့ခက်ခဲစေတဲ့အတွက် organ တွေပျက်စီးစေပါတယ်။

3. Shisha smoking မှာလဲ ကင်စာဖြစ်စေနိုင်တဲ့ ကတ္တရာ (tar)၊ carbon monoxide(car exhaust) ၊ heavy metal များဖြစ်ကြတဲ့ cobalt, lead အစရှိတဲ့ အရာဝတ္ထု ပစ္စည်း ingredient တွေပါဝင်ပါတယ်။

4. Shisha smoking ကဆေးလိပ်သောက်ခြင်းလိုပါပဲ သွေးထဲက Nicotine level နှင့် နှလုံးခုန် မှုကိုမြင့်စေတယ် high ဖြစ်စေတဲ့အတွက် စွဲလန်းနှစ်ချိုက်ဖို့လဲလွယ် ကူပါတယ်။

5. Shisha မှာနောက်တစ်ခုပါတာက တော့ Charcoal မီးသွေးပါ လောင်ကျွမ်းနေတဲ့ မီသွေး၊ သစ်သားတုံးတွေကို ရှုရှိူက်မိခြင်းကလည်း Cancer ဖြစ်စေနိုင်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

6. Shisha smoking က ဆေးလိပ်သောက်ခြင်းထက်ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို အငွေ့တွေပိုဝင်ပါတယ် Shisha တစ် session ကို ပုံမှန်အားဖြင့် ၂၀ -၈၀ မိနစ် ကြာနိုင်ပါတယ် အဲလောက်ကြာချိန်ကို ဆေးလိပ် သောက်မယ်ဆိုရဲ အလိပ် ၁၀၀ နှင့်အထက်သောက်တာနဲ့ ညီမျှနေပါတယ်။

7. Shisha ကိုတစ်ခြား အမည်တွေနဲ့လဲ နိုင်ငံအရပ်ရပ်မှာခေါ်ဝေါ်ကြပါတယ် hookah, boory, goza, narghile, arghile and hubble bubble.

8. Shisha smoking ကရေထဲကဖြတ်လာတဲ့ ပိုက်ကို အနံ့ အရသာ အမျိုးမျိုး ပန်းသီး ပူရှိန်း coffee စသည့် အရသာတွေ ကို tobacco နှင့်ပေါင်းစက် ထားပြီး ရူရှိုက်ရခြင်းဖြစ်ပါတယ်။

9. Shisha water pipes တွေကိုအများဆုံးနှင့် အရင်ဆုံးလုပ်ကြတဲ့နိုင်ငံတွေက China, India, Pakistan, eastern Mediterranean region and United States. ခုနောက်ပိုင်းမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအပါဝင် နိုင်ငံတော်တော်များများမှာပါ တွင်တွင်ကျယ်ကျယ် သောက် သုံးနေကြပါတယ်။

10. သောက်သုံးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်းအခန့်မသင့်ရင် မွေးလာတဲ့ ကလေးက ပေါင်မပြည့်တာနှင့် အခြားမွေးဖွားရခက်ခဲစေတဲ့ အခြေနေတွေဖြစ်နိုင်ပါတယ်။

11. သောက်သုံးတဲ့ pipe တွေကို share မိရင်လဲ တီဗီ၊ ရေရုံ၊ အသဲရောင်အသားဝါ၊ စတဲ့ လူအချင်းချင်း ကူးစက်နိုင်တဲ့ ရောဂါဝေဒနာတွေ ကူးစက်ပြန့်ပွားနိုင်ပါတယ်။

အဆိုပါ အချက်တွေကိုသာ သိထားမယ်ဆိုရင် ဆေးလိပ်ကို ရှောင်ကြဉ်သလိုပဲ Shisha သုံးစွဲခြင်း ကိုလည်း ရှောင်ကြဉ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ …

Credit: မူရင်းရေးသားသူ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။