အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံ တို့ဟာ တနင်္လာ နေ့ က တစ်ပတ်ကြာ ကြာမြင့်မယ့် နှစ်နိုင်ငံ ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကို ကိုရီးယားကျွန်းဆွယ်အနီး ရေပြင်မှာ စတင်ခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား နဲ့ ဒုံးပျံ အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး တင်းမာမှု မြင့်တက်ချိန် မှာ အဆိုပါ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ် အစင်း ၄၀ ခန့်ပါ၀င်လေ့ကျင့်နေပါတယ်။ 

အဆိုပါ ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှာ အမေရိကန် နိုင်ငံ မှ နျူးကလီးယားပါ၀ါသုံး လေယာဉ်တင်သင်္ဘောကြီး USS Ronald Reagan လည်းပါ၀င်ခဲ့ပါတယ်။ အဆိုပါ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်နဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှု ဟာ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကြာမြင့်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား ကတော့ အမေရိကန် နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကို မြောက်ကိုရီးယားကို ကျူးကျော်ရန် ပြင်ဆင်နေခြင်းဖြစ်တယ် လို့ ပြောဆိုထားပါတယ်။ ထိုစဉ် တနင်္ဂနွေနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် ကပြောကြားရာမှာ "သမ္မတ ထရန့် က မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး မြင့်တက်လာတဲ့ တင်းမာမှု တွေကို လျော့ချရန် သံတမန်ရေးနည်းလမ်းတွေကို ပထမ ဆုံး ဗုံးတစ်လုံး မကျမီ အထိ ဆက်လက် ကြိုးပမ်းသွားဖို့" သူ့ကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။