ဖြစ်စဉ်မှာ လေးမျက်နှာ မြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စုတွင် အောက်တိုဘာ ၁၄ ရက် ည ၈ နာရီခန့် အချိန်တွင် လယ်ကွင်းမှ ကောက်ရိတ်ပြီးပြန်လာသော စန်းလင်းမောင်(၂၂)နှစ် မှ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခု ဖြစ်ပါတယ်။ နေအိမ်ရှိ မီးဖိုမှာ ရေစိုနေသောကြောင့် အိမ်ခေါင်းရင်းရှိ ဖခင် ဦးငထွန်းအိမ်သို့ သွားရောက်ပြီး ထမင်းချက်နေသူ ဇနီးမဝါဝါနှင့် ထမင်းချက်နောက်ကျမှုကြောင့် စကားများရန်ဖြစ်ခဲ့ရာ ဖခင်ဖြစ်သူက သားဖြစ်သူအား ထင်းချောင်းဖြင့်ရိုက်နှက်ဆုံးမခဲ့တယ်လို့ သိရှိရပါတယ်။

သားဖြစ်သူ စန်းလင်းမောင်က အိမ်ပေါ်မှ ဆင်းပြေးခဲ့သော်လည်း နောက်မှလိုက်ရိုက်သဖြင့် ဦးငထွန်း၏ နေအိမ်ရှေ့တွင် သားဖြစ်သူက ကျောက်စည်ပိုင်းအနီးရှိခြေဆေးရန်ခင်းထားသော အလျား ၂ ပေ၊ ထု ၅ လက်မ ၂ လက်မရှိ ပျဉ်းကတိုးပိုင်း ဖြင့်ပြန်လည်ရိုက်နှက်ခဲ့ရာ ဖခင်ဦးငထွန်း၏ ဦးခေါင်းအလယ်တည့်တည့်တွင် သွေးထွက် ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရှိရပါတယ်။

ရိုက်နှက်မှုကျူးလွန်သူ စန်းလင်းမောင်အား ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပြီး လေးမျက်နှာမြို့မ ရဲစခန်းမှ စခန်းမှူး မှ တရားလိုပြု လုပ်၍ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။