ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ကထိန်အလှူမှကျွေးသည့် ဒန်ပေါက်ထမင်းနှင့်ရေခဲမုန့်များစားသောက်ပြီးနောက် အစာအဆိပ်သင့်မှုလူ(၆ဝ)ကျော်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ဝက်ထီးကန်တိုက်နယ်၊ နှောကန်အုပ်စု၊ နှောကန်ရပ်ကွက်ရှိ မာတုကာရုံ ကျောင်းတိုက်တွင် အောက်တိုဘာ(၁၄)ရက်နေ့ နံနက်(၁ဝ)နာရီခွဲခန့်အချိန်က ပြုလုပ်ခဲ့သော ကထိန်အလှူပွဲတွင် ဒန်ပေါက်ထမင်းနှင့် အချဉ်သုတ်၊ ရေခဲမုန့်တို့ကို ကျွေးမွေးဧည့်ခံခဲ့သည်။

အလှူသို့ လာရောက်ကြသူများအနေဖြင့် နောက်တစ် ရက် နံနက်ပိုင်း အချိန်တွင် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြပြီး ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း နှင့် ကိုယ်လက်များလေးလံခြင်းတို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောစကားအရ သိရှိရပါတယ်။ ''ဘယ်လိုဖြစ်တာလည်း ဆိုတော့ ကျွန်တော်တို့လုပ်တဲ့ကိုင်တဲ့လူတွွေအားလုံး သိမ်းဆည်းပြီးတော့ (၁၁)နာရီလောက်မှာစားတယ်။ အဲဒါနဲ့ ညပိုင်းရောက်တော့ တစ်ယောက်ကဗိုက်အောင့်တယ်ဆိုပြီးကြားတာပဲ နောက်တော့ အလှူမှာလာစားတဲ့သူတွေ ပျို့တာအန်တာ ဗိုက်နာပြီး ဝမ်းသွားတာတွေဖြစ်ကုန်တော့တာပဲ စားတာက တော့ အလှူကကျွေးတဲ့ ဒန်ပေါက်နဲ့ကြက်သားပေါ့ ရေခဲမုန့်ကတော မစားတဲ့လူလည်းရှိတယ် စားတဲ့ လူလည်းရှိတယ် လက်ရှိဖြစ်နေတာကတော့ အန်တယ်အောက်ပိုင်းတွေ သိပ်ပြီးမဆွဲချင် တော့ဘူး ဖြစ်လာတယ်ဝမ်းသွားတာတွေများတယ်'' ဟု နှောကန်ရပ်ကွက်မှ ရာအိမ်မှူး ဦးမောင်မောင် မှ ပြောခဲ့ပါတယ်။

အဆိုပါ အစာအဆိပ်သင့်မှုသည် နှောကန်ရပ်ကွက်အတွင်းတွင် လူဦးရေ(၆ဝ)ကျော်ခန့် ဖြစ်ပွား နေပြီး ယင်းဒေသအနီးတဝိုက်မှ အလှူသို့လာရောက်စားသုံးသည့် လူများလည်း ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။ လတ်တလောအခြေအနေကို ပြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကေခိုင်ဝင်း နှင့် ကျန်းမာရေးဝန်ထမ်းများမှ ယာယီဆေးခန်းဖွင့်လှစ်၍ကုသမှုများပြုလုပ် ပေးလျက်ရှိကာ စောင့်ကြည့်ဖို့လိုတဲ့ လူရှိသလို ဆေးရုံပို့ဖို့လိုအပ်တဲ့လူတွေကို ဆေးရုံပို့ထားပါတယ်။ ပြင်ပလူနာတွေအနေနဲ့ကတော့ ဒီမှာဆေးခန်းဖွင့်ပြီး ကုသပေးနေပါတယ်။ အရမ်း စိုးရိမ်ရတဲ့လူနာတော့မရှိပါဘူး ဟု ဒေါက်တာ ကေခိုင်ဝင်း မှ ပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ် - ကိုလွင်(ဆွာ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။