ဟန်နာတက္ကသိုလ်ကိုဂိုးပြတ်ရှုံးတဲ့မြန်မာယူ-19

ဂျပန်ကိုခြေစမ်းပွဲကစားဖို့ရောက်ရှိနေတဲ့ဝင်းနိုင်ထွန်း၊

မြတ်ကောင်းခန့်တို့ရဲ့မြန်မာယူ-19အသင်းဟာ

ဂျပန်တက္ကသိုလ်အသင်းတစ်သင်းဖြစ်သော

ဟန်နာတက္ကသိုလ်အသင်းနဲ့ခြေစမ်းကစားခဲ့ပါတယ်။

ဘောလုံးအခြေခံကွာခြားမှုကြီးမားစွာနဲ့ဟန်နာအသင်းဟာ

မြန်မာအသင်းကိုလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ပွဲအပြီးမှာတော့မြန်မာလူငယ်အသင်းငါးဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။လိုအပ်ချက်များစွာဖြင့်ပေါ့။

မြန်မာအသင်းဟာဂျပန်မှာရှိနေစဉ်အတွင်းခြေစမ်းပွဲ

သုံးပွဲကစားမှာဖြစ်ပြီးမနက်ဖြန်မှာဂမ်ဘာအိုဆာကာ

ယူ-18နဲ့ထပ်မံခြေစမ်းကစားသွားမှာပါ။ဂမ်ဘာအိုဆာကာ

ကဟန်နာအသင်းထက်ကောင်းတာမို့မြန်မာလူငယ်တွေ

အတွေ့အကြုံတစ်လှေကြီးထပ်ရမှာကျိန်းသေပါပဲ။ဒီအသင်းဟာဂျပန်မှာခြေစမ်းပွဲသုံးပွဲကစားပြီးရင်

အာရှခြေစစ်ပွဲအတွက်ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်ကို

ဂျပန်ကနေတိုက်ရိုက်သွားရောက်မှာပါ။

ဖနွမ်းပင်မှာကျင်းပမယ့်အာရှယူ-19ခြေစစ်ပွဲဟာဒီလ

24ရက်နေ့ကစတင်မှာပါ။မြန်မာအသင်းပါဝင်တဲ့အုပ်စု

Gမှာတရုတ်၊ဖိလစ်ပိုင်နဲ့ကမ္ဘောဒီးယားတို့ပါဝင်မှာပါ။

ဖိလစ်ပိုင်နဲ့ကမ္ဘောဒီးယားတို့ဟာမြန်မာအသင်းထက်ခြေစွမ်း

နိမ့်တယ်လို့ပြောလို့ရပြီးတရုတ်ကိုပဲအဓိကယှဉ်ပြိုင်ရမှာပါ။

အုပ်စုပထမနေရာမရခဲ့ရင်တောင်အကောင်းဆုံး

အုပ်စုဒုတိယနေရာကနေခြေစစ်ပွဲအောင်ဖို့မျေဗာ်လင့်ချက်ရှိနေတာမို့မြန်မာတို့ခြေစစ်ပွဲအောင်ဖို့ရာခိုင်နှုန်းများနေတယ်လို့ပဲဆိုလိုက်ပရစေ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။