အောက်တိုဘာ ၁၅ ရက်နေ့က ပေါ်တူဂီနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တောမီးလောင်မှုကျွမ်းမှု ၅၂၃ ခု ဖြစ်ပွားခဲ့ပါတယ်။ထိုတောမီးလောင်ကျွမ်းမှုတွေထဲမှ နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်း တို့ဟာ အဆိုးဆုံးလောင်ကျွမ်းမှုတွေ အဓိကဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။ပေါ်တူနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ တောမီးလောင်ကျွမ်းမှုတွေကြောင့် သေဆုံးသူ ဦးရေ ၃၆ ယောက်ထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဒါ့အပြင်သေဆုံးသူဦးရေတွေဟာ ဆက်လက်မြင့်တတ်လာနိုင်တယ်လို့ အမျိုးသားပြည်သူ့ကာကွယ်ရေးအာဏာပိုင်အဖွဲ့(ANPC )က အောက်တိုဘာ ၁၆ ရက်နေ့မှ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ဆက်လက်ပြီး ANPC က" Coimbra , Aveiro, Castelo Branco နှင့် Viseu ခရိုင်တွေမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၃၆ ဦးသေဆုံးခဲ့ရတာဖြစ်ပြီး လက်ရှိမှာ လူ ၇ ဦးပျောက်ဆုံးနေကာ ၅၆ ဦး ထိခိုက်ဒဏ်ရာရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ဒဏ်ရာရရှိသူတွေထဲမှ ၁၆ ယောက်ဟာ အခြေအနေစိုးရိမ်ရတယ်လို့" ပြောကြားခဲ့ပါတယ်။

မီးသတ်သမားများဟာ နောက်ဆုံးအခြေအနေထိ တောမီးလောင်မှုကို ထိန်းချူပ်သွားရန် အဆက်မပြတ် ကြိုးစားနေကြောင်းလည်း သိရပါတယ်။လက်ရှိမှာ သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များကို လေ့လာပြီးပြင်ဆင်ရန် ပျက်ကွက်ခဲ့တဲ့ အတွက် ပေါ်တူဂီအစိုးရကို စွပ်စွဲပြစ်တင်မှုများရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးကိုလည်းတာဝန်မှ နူတ်ထွက်ပေးရန် တောင်းဆိုမှုတွေပြုလုပ်နေတယ်လို့လည်း သိရှိရပါတယ်။

SOURCE - CHINA XINHUA NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။