ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အများစုကတော့ ၀က်ခြံ ကို ရင်ဆိုင်ကြုံတွေ့ဖူးကြပါတယ်။ တခါတလေ ဂရုမစိုက်ဘဲ ထားလိုက်ရင် ပိုပြီး ၀က်ခြံတွေ များလာတာကို တွေ့ရတတ်ပါတယ်။ တစ်ချို့ဆိုရင် မျက်နှာအရေအပြားပေါ်တွင်သာမက ခန္ဓာကိုယ်ရဲ့ အခြားသော အရေပြားပေါ်မှာသာ ၀က်ခြံ ဖြစ်တတ်ပါတယ်။ အဲဒီလို ဝက်ခြံပေါက်လာတဲ့အခါ ပျောက်သွားစေဖို့ ဘာလုပ်ရမှန်းမသိ လောက်အောင် ဖြစ်တတ်ကြပါတယ်။ ဒါ ကြောင့် အိမ်မှာ အဆင်သင့်ရရှိနိုင်တဲ့ အလွယ်တကူ ကုသနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပ်ရဲ့ အနှစ်သားကို ယူကာ ဝက်ခြံနဲ့ ဝက်ခြံ ကြောင့် နီမြန်းရောင်ရမ်းနေတဲ့ အရေပြား တွေပေါ် မှာ သုတ်လိမ်းပေးပါက အနာ ကျက်နှုန်း မြန်စေပါတယ်။ ၀က်ခြံကို သက်သာစေပါတယ်။

စန္ဒကူးအနှစ်သား

စန္ဒကူးအနှစ်သားကို မျက်နှာပေါ် လိမ်း ပေးရင် မျက်နှာအသားအရေကို ကြည် လင်ပြီး တောက်ပစေပါတယ်။ ဒါ့အပြင် အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ် မခံရအောင် ကာကွယ်ပေးပြီး ပိုးမွှားကင်း ကာ အစိုဓာတ်ရှိနေစေပါတယ်။စန္ဒကူးရနံ့ဟာ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတို့ကို လျော့စေတဲ့အတွက် ဝက်ခြံမဖြစ်အောင် ကာကွယ်ပေး ပါတယ်။

သခွားသီး

သခွားသီးစိတ်ကို ပါးပါးလှီးပြီး ကပ်ထား ရင် အရေပြားကို စိုပြည်စေကာ ဗီတာမင် ဓာတ်တွေ အားဖြည့်ပေးပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ် သခွားသီး စိတ်ပါးပါးလှီးပြီး ပေါင်းတင်ပေးပါ။ ဝက် ခြံတွေကို ကင်းစေတဲ့အပြင် အရေပြားကို ကြည်လင်လှပစေပါတယ်။

နှင်းဆီရေ

နှင်းဆီပွင့်ချပ်တွေကို ေြွခပြီး ဖျော် စပ်ထားတဲ့ နှင်းဆီရေက အရေပြားကို ချွေးပေါက်ကျဉ်းစေသလို မျက်နှာသစ် ဆေးအနေနဲ့လည်း သုံးနိုင်ပါတယ်။ နှင်းဆီရေနဲ့ ရေချိုးပေးရင် ဓာတ်မ တည့်မှုကြောင့် အရေပြားနီမြန်းတာကို ကင်းစေပြီး အရေပြားရောင်ရမ်းမှုကို သက်သာစေပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ အင်တီအောက် ဆီးဒင့်နဲ့ ဗီတာမင်အစုံ ပါဝင်တဲ့အတွက် ဝက်ခြံအမာရွတ်တွေ လျော့ပါးအောင် ကူညီနိုင်ပါတယ်။ စတော်ဘယ်ရီသီးကို ဝက်ခြံ ပေါက်နေတဲ့ အရေပြားပေါ် တိုက်ရိုက် လိမ်းပါ။ ဒါမှမဟုတ် စတော်ဘယ်ရီသီး နဲ့ ပေါင်းတင်ပါ။ ရေနဲ့ မဆေးခင် မိနစ် ၂၀ခန့် ထားပေးရပါမယ်။

ကြက်သွန်ဖြူ

ပိုးသတ်အာနိသင်နဲ့ ဘက်တီးရီး ယားသေစေတဲ့ အစွမ်းတို့ရှိတာကြောင့် ကြက်သွန်ဖြူကို ဝက်ခြံကုသနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ကြက်သွန်ဖြူရဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်ဟာ ဝက်ခြံရဲ့ ရောင်ရမ်းမှု ဖြစ်စဉ်ကို ရပ်တန့်ပေးပြီး ဝက် ခြံကြောင့် နီမြန်းမှုကို လျော့ကျစေပါတယ်။

ကြက်ဥ၊ ဘဲဥအကာ

ကြက်ဥ၊ဘဲဥတွေက နံနက်စာအာ ဟာရသက်သက်ပဲ မဟုတ်ပါဘူး။ ဗီတာ မင်အပြည့်ပါတဲ့ ကြက်ဥအကာ၊ ဘဲဥအ ကာတွေကို အဆီပြန်တဲ့ အသားအရေ မှာ လိမ်းပေးရင်အဆီကင်းစေပြီး ချွေး ပေါက်တွေကို ကျဉ်းစေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးအချိန်မှာ ကြက်ဥ၊ဘဲဥအကာကို ဝက်ခြံဖုပေါ် သုတ် လိမ်းပေးရင် အရေပြားဆီက အဆီနဲ့ အ ညစ်အကြေးတွေကို ညတွင်းချင်း စုပ်ယူ သွားပါလိမ့်မယ်။

အာလူးအရည်

အာလူးအစိမ်းရည်မှာ ပိုတက်စီ ယမ်၊ ကလိုရင်း၊ ဆာလဖာနဲ့ ဖော့စ်ဖ ရပ်စ်ပါဝင်မှု မြင့်မားတာကြောင့် အရေ ပြားရှိ အပြစ်အနာအဆာနဲ့ ဝက်ခြံအမာ ရွတ်တွေကို သက်သာစေပါတယ်။ အာလူးအစိမ်းကို ပါးပါးလှီးပြီး ဝက်ခြံပေါ် သုတ်လိမ်းပေးတာက ထိထိ ရောက်ရောက် ပျောက်ကင်းစေ ပါတယ်။

သံပရာသီးနှင့် လိမ္မော်သီး

လိမ္မော်ခွံကို ရေနဲ့ ရောပြီး ကြိတ်ခြေကာ ဝက်ခြံဖုပေါ် သုတ်လိမ်းပေးပါ။ သံပရာ ရည်မှာ ဗီတာမင်စီပါဝင်တာကြောင့် ဝက် ခြံတွေကို ခြောက်သွေ့သွားစေပါတယ်။

သံပရာရည်နဲ့ လိမ္မော်ရည်ကို သောက်သုံးတာကြောင့် ကိုယ်တွင်းရှိအ ဆိပ်အတောက်တွေကို ကင်းစင်စေပြီး ဝက်ခြံဖြစ်နှုန်း လျော့ကျစေပါတယ်။

ဂျံုမှုန့်အကြမ်းနှင့် ပျားရည်

ဂျံုမှုန့်အကြမ်းနဲ့ ပျားရည်ကို ရောမွှေပြီး အရေပြားပေါ် သုတ်လိမ်းပေးရင် အဆီပိုတွေနဲ့ အညစ်အကြေးတွေကို ကင်းစင်စေကာ ဝက်ခြံကြောင့် အရေ ပြားနီမြန်းမှုနဲ့ ရောင်ရမ်းမှုကို လျော့ကျ စေပါတယ်။ ဂျံုမှုန့်အကြမ်းကို ပျားရည်နဲ့ ရေ အနည်းငယ်နဲ့ စေးပျစ်ပျစ်အနေအထား ရတဲ့အထိ မွှေကာ မျက်နှာပေါ် သုတ် လိမ်းပြီး မိနစ် ၂၀ ထားကာ ရေနဲ့ ဆေး ချလိုက်ပါ။

ဒီအချက်တွေ သိထားမယ်ဆိုရင်တော့ သင်ကိုယ်တိုင်ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေတွေ အတွက်ပဲဖြစ်စေ လွယ်ကူထိရောက်တဲ့ ၀က်ခြံကုသနည်းလေးတွေကို မျှဝေပေးနိုင်ပါတယ်။

ကျန်းမာလှပပြီး ပျော်ရွှင်စရာနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင်

Source: Good Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။