အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့စဉ်က ဖောင်ဒေးရှင်းကောင်းကောင်းနဲ့တည်ဆောက်ခဲ့တဲ့ အခန်းပေါင်း ၂၀၀ ကျော်ပါ၀င်တဲ့ အဆောင်အအုံဟောင်းကြီးရဲ့ ဓာတ်ပုံတွေလဲဖြစ်ပါတယ်။

အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို စီရင်အုပ်ချုပ်မည့်သူတို့၏ ကော်မရှင်နာ မင်းကြီးများ၊ ဒုတိယ ဘုရင်ခံနှင့် ဘုရင်ခံများ နေထိုင်ရန်နှင့် ရုံးစိုက်ရန်အတွက် ရန်ကုန်မြို့ အလုံလမ်းတွင် (ယခုသမ္မတအိမ်တော်) ခမ်းနားကြီးကျယ်သော အဆောက်အဦးကြီးကို တည်ဆောက်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးပြီး အင်္ဂလိပ် လက်အောက်ရောက်ခဲ့သည့် အမှတ် သင်္ကေတအဖြစ် နှစ်ပေါင်းတစ်ရာကျော် တည်ရှိခဲ့သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် မြန်မာနိုင်ငံအား လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ထိုဘုရင်ခံအိမ်တော်ရှေ့တွင်ကျင်းပခဲ့သည်။ 

ထိုအခမ်းအနားတွင် အင်္ဂလိပ်တို့၏ နောက်ဆုံး ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်တို့ တက်ရောက်ကြပြီး အင်္ဂလိပ် တို့၏ ယူနီဂျက်အလံကို တိုင်အောက်သို့ လျှော့ချစေပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို တိုင်ထက်သို့ လွင့်ထူခဲ့သည်။ ထိုနောက် ဘုရင်ခံ အိမ်တော်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ အဆက်ဆက် နေထိုင်ခဲ့သည်။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ဦးနေဝင်းလက်ထက်တွင် ဘုရင်ခံ အိမ်တော် အဆောက်အဦးကို ဖြိုချခဲ့ပြီးနောက် သမ္မတ အိမ်တော် အသစ်ကို တည်ဆောက်ခဲ့သည်။

သတင်းအရင်းအမြစ် - သုတဇုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။