အမေရိကန် ရဲ့ စစ်ရေးလှုပ်ရှားမှု မှန်သမျှမှာ အခြားနိုင်ငံတွေ အနေနဲ့ ပူးပေါင်းပါ၀င်ခြင်းမပြုဖို့ ကုလသမဂ္ဂမှာ ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်မှာ မြောက်ကိုရီးယား က သတိပေးလိုက်ပါတယ်။ တနင်္လာနေ့က ထုတ်ပြန်တဲ့ အဆိုပါကြေညာချက်မှာ အမေရိကန် ရဲ့ စစ်ရေးလှုပ်ရှားမှု မှန်သမျှမှာ အခြားနိုင်ငံတွေ အနေနဲ့ ပူးပေါင်းပါ၀င်ခြင်းမပြုပါ က လက်တုံ့ပြန်တိုက်ခိုက်ခြင်းမှ ကင်းဝေးပြီးဘေးကင်း လိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ 

"အခြားနိုင်ငံ တွေ အနေနဲ့ မြောက်ကိုရီးယား နိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် ရဲ့ စစ်ရေးလှုပ်ရှားမှု မှန်သမျှမှာ မပါ၀င် မခြင်း အဲ့ဒီ့ နိုင်ငံတွေကို နျူးကလီးယားလက်နက် အသုံးပြုပြီး တိုက်ခိုက်မှာ၊ ခြိမ်းခြောက်မှာ မဟုတ််ပါဘူး" လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ ကျင်းပတဲ့ နျူးကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြောက်ကိုရီးယား သံအမတ် ရဲ့ မှတ်ချက်မှာ ဖော်ပြပါ၀င်ပါတယ်။ 

အမေရိကန် တစ်နိုင်ငံလုံးဟာ မြောက်ကိုရီးယား ရဲ့ ပစ်မှတ် အကွာအဝေး အတွင်းတည်ရှိပြီး အမေရိကန် အနေနဲ့ မြောက်ကိုရီးယားကို ရန်စကျူးကျော်ပါက အမေရိကန် အနေနဲ့ ကမ္ဘာ့မည်သည့်နေရာ မှာ ရှိနေပါစေ လက်တုံ့ပြန်မှု ကနေ လွတ်မြောက်မှာမဟုတ်ဘူးလို့ အဆိုပါ ကြေညာချက်မှာ ပါရှိပါတယ်။ မြောက်ကိုရီးယား ရဲ့ လက်နက်စမ်းသပ်မှုကြောင့် အမေရိကန် နဲ့ မြောက်ကိုရီးယားကြား တင်းမာမှုတွေဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။