ပြည်သူ့အချစ်တော် မင်းသမီးချောလေး ယွန်းယွန်းဟာ သူမတစ်ခါမှ မရိုက်ကူးသေးတဲ့ ပုံစံလေးနဲ့ ကြော်ငြာဓာတ်ပုံတွေရိုက်ကူးနေပါတယ်..။ မင်းသားချော အလင်းရောင်နဲ့အတူ Closer Magazine အတွက် သတို့သမီး၊ သတို့သား အဖြစ် ကြော်ငြာ ရိုက်ကူးနေတာ ဖြစ်ပါတယ်..။ မင်္ဂလာဝတ်စုံလေးနဲ့ သူတို့နှစ်ယောက်စလုံးဟာ အရမ်းကို ကြည့်ကောင်းပြီး ကျက်သရေရှိလှပါတယ်..။ သတို့သမီး ဝတ်စုံလေးနဲ့ ယွန်းယွန်းဟာ အရမ်းကို ချစ်စရာကောင်းပြီး လှနေသလို သတို့သားအဖြစ် ဓာတ်ပုံတွေ ရိုက်ကူးပေးနေတဲ့ အလင်းရောင်ကလည်း တကယ်ကို ကြည့်ကောင်းလှပါတယ်..။

သတို့သမီး ဝတ်စုံလေးနဲ့ တစ်ခါမှ မရိုက်ဖူးသေးတဲ့ ယွန်းယွန်းလေးဟာ သတို့သမီးဝတ်စုံလေးနဲ့ လိုက်ဖက်လွန်းပြီး အရမ်းကိုလှလို့ နေပါတယ်..။ သတို့သမီးဝတ်စုံလေးနဲ့ မရိုက်ဖူးသေးတဲ့အတွက် ဘယ်လိုနေလဲလို့လည်း ပရိသတ်တွေကို မေးထားပါသေးတယ်..။ ယွန်းယွန်းက သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။ “Closer Magazine for Oct Issue is out now!! တစ်ခါမှမရိုက်ဖူးတဲ့ပုံစံလေးရိုက်ထားတာမို့ ဘယ်လိုနေလဲပြောခဲ့ဦးနော်.. ? ?” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။ ပရိသတ်ကြီးလည်း သတို့သမီးဝတ်စုံလေးနဲ့ ဘယ်လိုနေလဲဆိုတာ ပြန်ပြောပေးပါဦးနော်..

မင်းသားချော အလင်းရောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေ အနေနဲ့ကတော့ ဇာတ်ကားများရိုက်ကူးနေပြီး ကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။ လတ်တလောမှာတော့ “သမ္မတကြီးထံပေးစာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါတယ်..။ ချစ်စရာကောင်းတဲ့ ယွန်းယွန်းလေးကတော့ အခမ်းအနားပွဲများ တတ်ရောက်ခြင်းနဲ့ ကြော်ငြာများရိုက်ကူးနေတယ်လို့ သိရပါတယ်..။ အနုပညာအလုပ်တွေကို ခပ်စိပ်စိပ်တွေ့လာရတဲ့ သူတို့နှစ်ဦးကို အားပေးပါဦးနော်..

Photo - Yoon Yonn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။