အများစုက အိပ်ယာထ နောက်ကျတာဖြစ်ဖြစ်၊ အလုပ် အရမ်းများနေလို့ပဲဖြစ်ဖြစ် နံနက်စာကို ပေါ့ပေါ့လျော့လျော့ ရှိတတ်ကြပါတယ်။ မစားသုံးဖြစ်တာလည်း ရှိသလို ဖြစ်သလို စားတာမျိုးတွေလည်း ရှိပါတယ်။ ဒီိလိုမျိုး နံနက်စာကို မစားသုံးခြင်းက နေ့တွေ လတွေ များလာတဲ့အခါ ကျန်းမာရေးကို ဘယ်လို ဆိုးကျိုးပေးလဲ ဆိုတာကို ကျန်းမာရေး ဗဟုသုတ ရရှိစေရန်နှင့် ဆင်ခြင်စေရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ 

နံနက်စာ မစားသုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

- နံနက်စာ မစားတဲ့သူတွေဟာ နံနက်စာ စားတဲ့သူတွေထက် နှလုံးသွေးကြောကျဉ်းမြောင်းခြင်း၊

- နှလုံးသွေးကြော မာကျောခြင်း

- အဝလွန်ခြင်း

- ဆီးချိုရောဂါဖြစ်ခြင်း

- ကိုလက်စထရော မြင့်မားခြင်း

- သွေးထဲမှာ ရှိတဲ့ သကြားဓာတ်တွေ မြင့်မားလာခြင်း

- ခါးတုတ်လာခြင်း

- ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကိုလည်း အနှောင့်အယှက်ပေးခြင်း … စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ 

အထူးသဖြင့် အလုပ်များတဲ့သူတွေ၊ အမျိုးသားတွေ၊ အိပ်ယာထ နောက်ကျတဲ့သူတွေ၊ ဆေးလိပ်သောက်သုံးတဲ့ သူတွေကို နံနက်စာကို စားသုံးလေ့ မရှိကြပါဘူး။ ဒီလိုမဖြစ်ရလေအောင် ဂရုစိုက် ဆင်ခြင်ဖို့ လိုပါတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့အတိုင်း ကျန်းမာဖို့ အရမ်း အရေးကြီးပါတယ်။ ကုသခြင်းထက်လည်း ကြိုတင်ကာကွယ်ခြင်းက အလွန်ပင် အရေးပါတာကြောင့် ဒီနေ့က စပြီး နံနက်စာကို ပုံမှန်နှင့် အာဟာရ ရှိတာတွေ စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။