နိုင်ငံခြားမှာလေ့ကျင့်နေတဲ့ဖိုးသော်ကိုမကြောက်ဘူးဆိုတဲ့

စောဘဦး

ပြည်သူတွေစောင့်မျှော်နေရတဲ့One Championship ပြိုင်ပွဲကြီးတစ်ကျော့ပြန်လာပါပြီခင်ဗျာ။နိုဝင်ဘာသုံးရက်

နေ့မှာထိုးသတ်မယ့်ပြိုင်ပွဲမှာမြန်မာနိုင်ငံသား

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်နဲ့ဂါလာနီ

MMAနည်းစနစ်အတိုင်းထိုးသတ်ကြမှာပါ။နောက်ထပ်စိတ်

ဝင်စားစရာကောင်းတဲ့တွဲဆိုင်းကတော့နာမည်ကြီး

MMAကစားသမားဖိုးသော်နဲ့ရိုးရာလက်ဝှေ့သမား

စောဘဦးတို့ရဲ့ပွဲပါ။ဖိုးသော်ဟာ2016One Championship ဖယ်သာဝိတ်တန်းချန်ပီယံတစ်ဦးဖြစ်ပါတယ်။

စောဘဦးဟာပြည်တွင်းရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ

အဝင်ရဲရဲ၊အထွက်ရဲရဲယှဉ်ပြိုင်တတ်တဲ့လက်ဝှေ့သမား

တစ်ဦးပါ။သူ့အနေနဲ့MMAခေါင်းစဉ်အောက်မှာ

ဝင်ရောက်ထိုးသတ်ရတာဟာစိနိခေါ်မှုများတယ်လို့ဆိုရပါမယ်။

MMAနဲ့လက်ဝှေ့စည်းမျဉ်းတွေဟာကွာခြားလွန်းပြီး

သူထိုးရမယ့်လူကဖိုးသော်ဖြစ်နေလို့ပါပဲ။ဖိုးသော်ဟာ

ဒီပွဲအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့ထိုင်းနဲ့ကမ္ဘောဒီးယား

နိုင်ငံတွေမှာလနဲ့ချီပြီးလေ့ကျင့်နေပါတယ်။နိုင်ငံခြား

သားထရိန်နာတွေနဲ့လေ့ကျင့်နေပြီးသက်လုံပိုင်းမှာ

အကောင်းဆုံးအနေအထားရောက်နေပြီလို့ဆိုနိုင်ပါတယ်။

ဒါပေမယ့်ရိုးရာကျားဖြစ်တဲ့စောဘဦးကတော့ဖိုးသော်ကိုလုံး

ဝမကြောက်ဘူး။ထိုးသတ်ဖို့အဆင်သင့်ပဲလို့ပြောခဲ့ပါတယ်။

ပွဲကတော့မစခင်ကတည်းနဲ့စိတ်လှုပ်ရှားဖို့ကောင်းနေပါပြီ။

MMAနည်းစနစ်ကျွမ်းကျင်တဲ့ဖိုးသော်ပဲအနိုင်ယူသွားမလား

နယ်ကျွံလာတဲ့ရိုးရာကျားစောဘဦးပဲအနိုင်ယူသွားမလား

စောင့်ကြည့်ကြရမှာပါ။တကယ့်ကိုစိတ်လှုပ်ရှားစရာပါပဲ။

Source- Phoe thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။