အောက်တိုဘာ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အကျဉ်းထောင်ကို အကျဉ်းဦးစီးဗျူရို နဲ့ မနီလာရဲတပ်ဖွဲ့တို့က ရှောင်တခင်ဝင်ရောက်စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အကျဉ်းထောင် ၅၀၀၀ကျော်ဟာ ရှောင်တခင်ဝင်ရောက်ရှာဖွေမှုကြောင့် ထောင်ကွက်လပ်ကွင်းပြင်မှာ ထွက်ထိုင်နေခဲ့ကြရတာလည်းဖြစ်ပါတယ်။

အဆောင်များအတွင်းကို ဝင်ရောက်စီးနင်းခဲ့ကာ အချူပ်ခန်းများအတွင်း နေရာလွတ်မကျန် ပိုက်စိပ်တိုက်ရှာဖွေခဲ့ပြီး မျက်နာကျက်များ၊ ထုတ်တန်းဆင့်များပါမကျန် ရှာဖွေမှုတွေကို အကျဉ်းဦးစီးနဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ လုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင် အကျဉ်သားများရဲ့ ဗီရိုများအတွင်းမှာ တားမြစ်ထားတဲ့ ပစ္စည်းများ ရှိနေ၊ မရှိနေသည်ကို လည်း အဝတ်အစားအများပါမချန် လှန်လှောရှာဖွေခဲ့ကြတာလည်းဖြစ်ပါတယ်။

ယခုလို ရှောင်တခင်ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာတွင် ကတ်ကြေးများ၊ ခက်ရင်းများ၊ ဝက်အူလှည့်များ၊ သင်တုန်းဓားများ၊ ဆေးထိုးအပ်များ၊ ဖဲကတ်များ၊ တူများ နဲ့ တားမြစ်ထားတဲ့ ပစ္စည်း အချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဖိလစ်ပိုင်အကျဉ်းထောင်တွေဟာ လူပြည့်ကြပ်ခြင်းများကြောင့် နာမည်ဆိုးထွက်နေတဲ့ ထောင်များလည်းဖြစ်ပါတယ်။

source - mizzima news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။