ပရိသတ်ကြီးများအားပေးခဲ့ကြတဲ့ မြန်မာအိုင်ဒေါက အဆိုတော်တွေကတော့ ငွေဆောင်မှာ အပျော်ကြီးပျော်နေကြပါတယ်။သူတို့ဟာ ငွေဆောင်ကမ်းခြေမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အကြမ်းဖက်ခံပြည်သူများနှင့် ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲမှာ သွားရောက်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာတော့ မြန်မာအိုင်ဒေါက အဆိုတော်များစွာပါ၀င်ကြသလို နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ ထူးအယ်လင်း၊ဘရိ်တ်ကီနဲ့ အခြားအဆိုတော်တွေပါ၀င်ကြပြီး သရုပ်ဆောင်ဆုပန်ထွာလည်းပါ၀င်ကြပါတယ်။

ဒီပွဲမှာ ဖျော်ဖြေပေးရင်းနဲ့ ငွေဆောင်ကမ်းခြေရဲ့အလှနဲ့အတူဓာတ်ပုံတွေရိုက်ကူးထားပါသေးတယ်။ချစ်စရာကောင်းတဲ့ မြန်မာအိုင်ဒေါက ယွန်း၊ပိုးမီ၊ချမ်းငြိမ်း နဲ့ဖြူလေးတို့ကတော့ ကမ်းခြေမှာ ဓာတ်ပုံတွေ ထွက်ရိုက်နေကြပါတယ် 

သတင်းအရင်းအမြစ် - ယွန်းယွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။