မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လက်စတာအသင်းနဲ့ ဝက်ဘရွန်းအသင်းတို့ဟာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။အိမ်ရှင်လက်စတာအသင်းကတော့ တောက်လျှောက်ရလဒ်တွေဆိုးဝါးနေခဲ့တာဖြစ်ပြီး ၈ ပွဲကစားထားပြီးချိန်မှာတော့ ၆ မှတ်သာ ရရှိထားကာ အဆင့် ၁၈ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းကတော့ ၈ ပွဲကစားထားပြီးချိန်မှာ ၁၀ မှတ်ရရှိထားခဲ့ပြီး အဆင့် ၁၀ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နာချို၊ ဗာဒီ၊ မာရက်၊ အီဘိုရာ၊ အမ်ဒီဒီ ၊ အယ်ဘရိုက်တန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ချက်လ်ဒီ၊ ရွန်ဒွန်၊ ရိုဒရီဂွက်၊ ဘယ်ရီ၊ လီဗာမိုး၊ ကီရန်ဂစ်၊ ဂျွန်နီအီဗန့် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လက်စတာအသင်းဟာ ဝက်ဘရွန်းအသင်းပေါ်အသာစီးရရှိခဲ့ပေမဲ့ အဆုံးသတ်မသေချာခဲ့တာကြောင့် တစ်မှတ်စီခွဲယူခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးချိန်မှာတော့ နှစ်သင်းလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့ ထိန်းကစားခဲ့ကြပါတယ်။၆၃ မိနစ်မှာတော့ ဝက်ဘရွန်းအသင်းအတွက် အဖွင့်ဂိုးကို ချက်လ်ဒီ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၈၀ မှာတော့ လက်စတာအသင်းအတွက်ချေပဂိုးကို မာရက်စ် က ပြန်လည်သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယခုပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ လက်စတာနောက်တန်းကစားသမား မာဂူရီ က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။