သင်ကိုယ်တိုင်တောင်မသိတဲ့ ဒီအချက်တွေက သင့်ကို Relationshipစတင်နိုင်ဖို့ အချိန်ကောင်းကို ပြောပြပါလိမ့်မယ်။

(၁) ရည်းစားရှိတယ်လို့ ထင်ခံချင်တာ

သင့်မှာ ရည်းစားရှိတယ်လို့ သူငယ်ချင်းတွေ၊ ဘေးပတ်ဝန်းကျင်ကလူတွေကို သိစေချင်ရုံနဲ့တော့ တော်ရုံ ရည်းစားမထားသင့်ပါဘူး။ Relationship တစ်ခုဟာ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်မြတ်နိုးပြီး လက်တွဲမယ်လို့ ယူဆတဲ့အချိန်မှာ စတင်တာသာလျှင် အကောင်းဆုံးပါ။ အကယ်၍ အဲလိုသာမဟုတ်ဘဲ ရည်းစားရှိတယ်ဆိုပြီးရော သဘောမျိုးနဲ့တွဲနေခဲ့မယ်ဆိုရင် Relationship အစစ်လို့ ပြောလို့မရသလို တကယ့် Relationship အတွက် သင်ဟာ အဆင်သင့်ဖြစ်နေမှာ မဟုတ်ပါဘူး။

(၂) အဆက်ဟောင်းကို မမေ့နိုင်သေးတာ

သင့်အရင်လူကို မမေ့နိုင်သေးဘဲ အသစ်နဲ့ထပ်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါဟာ သင့်ကိုပိုပြီး နာကျင်စေပါလိမ့်မယိ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့စိတ်က လက်ရှိလူအပေါ်မှာ မရှိဘဲ အရင်ကလူကိုသာ သတ်ရနေလို့ပါ။ ဒါဟာ သင့်ကိုယ်သင်သာမကဘဲ တစ်ဖက်လူကိုပါ နာကျင်စေပါတယ်။ သင့်ရဲ့အဆက်ဟောင်းကို မေ့မရဘူးဆိုရင်တော့ Relationship နောက်တစ်ခုအတွက် သင်အဆင်သင့်မဖြစ်သေးတာ သေချာပါတယ်။

(၃) တစ်ယောက်သောသူကို အရမ်း Crushနေမိတာ

တစ်ယောက်သောသူကို အရမ်း Crush နေမိပြီး သူ့အတွက်သာရည်ရွယ်ပြီး သူသဘောကျလာအောင် သင့်ကိုယ်သင်ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆို ရပ်လိုက်ပါတော့။ Relationship တစ်ခုဟာ သင့်ရဲ့ နဂိုပုံစံကို သဘောကျပြီး သင့်အနားမှာ ရှိနေချင်တဲ့လူနဲ့သာလျှင် ကြာရှည်လက်တွဲနိုင်မှာပါ။ ဒါကြောင့် တခြားတစ်ယောက်အတွက် သင့်ကိုယ်သင်ပြောင်းလဲဖို့ ကြိုးစားနေမယ့်အစား သင့်ရဲ့ နဂိုပုံစံကို သဘောကျပေးမယ့် လက်တွဲဖော်ကိုသာ ရှာသင့်ပါတယ်။

(၄) သင့်ရဲ့ လက်ရှိဘဝနဲ့ အဆင်မပြေတာ

လက်ရှိနေထိုင်နေတဲ့ lifestyleမှာ အဆင်မပြေမှုတွေပဲ ကြုံနေရမယ်ဆိုရင် Relationship တစ်ခုစတင်ဖို့အတွက် အရင်မစဉ်းစားပါနဲ့။ ပိုပြီးတော့သာလျှင် သင့်ဘဝမှာ ရှုပ်ထွေးလာနိုင်ပါတယ်။ ဒါကြောင့် သင်အဆင်သင့်ဖြစ်နိုင်တဲ့ အားလုံးအဆင်ပြေသွားတဲ့အချိန်ကိုသာစောင့်ပြီး Relationship တစ်ခုကို စတင်လိုက်ပါ။

Source : vixendaily

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။