Miss Grand Myanmar 2016 ပွဲမှာ 1st runner up ဆုရရှိခဲ့တဲ့ Miss ရွှေအိမ်စည် ကတော့ နောက်ထပ် Miss ပြိုင်ပွဲတွေကိုဝင်မပြိုင်တော့ပဲ Model အလုပ်ပဲဆက်လုပ်တော့ မယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့လတွေက ပြိုင်ပွဲနဲ့ပက်သက်ပြီး ပြဿနာဖြစ်ကာ ဆက်လက် မပြိုင်ဖြစ်တော့ပဲ ရပ်နားလိုက်တာဖြစ်ပါတယ်။ သူမရရှိခဲ့တဲ့ 1st runner up crown ကိုလဲ ပြန်လည်ရုတ်သိမ်းခြင်းခံခဲ့ရပါတယ်။

သူမကတိုင်းပြည်အရေးမှာလဲ တက်တက်ကြွကြွပါဝင်ပေးခဲ့သူဖြစ်ပါတယ်။ ရခိုင်ဘင်္ဂလီ အရေးအခင်းမှာလဲ သူမ တတ်ကျွမ်းတဲ့ English ဘာသာစကားနဲ့ နိုင်ငံတကာကို ကျွမ်းကျင်စွာရှင်းပြပေးခဲ့သူလဲဖြစ်ပါတယ်။ မော်ဒယ်အလုပ်ကိုဆက်လုပ်ဖြစ်မှာဖြစ်ပြီး သရုပ်ဆောင်အလုပ်ကိုတော့ ကိုယ်နဲ့လိုက်မယ့် Character ရှိရင်လုပ်ပါမယ်လို့ပြောပါတယ်။ သူမသရဖူအသိမ်းခံရတော့ ပရိတ်သစ်အစစ်နဲ့ အတုကို ခွဲခြားသိနိုင်သွားပါတယ်လို့ ပြောပါတယ်။

ကိုယ်အမှားတစ်ခုခုလုပ်လို့ ဒီလိုဖြစ်တယ်ထင်ရင် ဘယ်လိုလုပ်မလဲ၊ ကိုယ့်ကိုမုန်းတီးသွားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး စဉ်းစားခဲ့ရတာတွေအများကြီး ရှိခဲ့ပါတယ်။ သို့ပေမယ့် သူမတွေးသလိုမဟုတ်ပဲ သူမကိုအားပေးခဲ့ကြတဲ့ ပရိတ်သတ်ကို အရမ်းကျေးဇူး တင်ပါတယ်လို့ Interview တစ်ခုမှာဖြေထားပါတယ်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။