ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် ဟာသမင်းသာကြီး ဦးခင်လှိုင်ဟာ ဘားအံမြို့မှာ ကထိန် ပဒေသာပင် သီးနေပါတယ်..။ ပဒေသာပင်ကတော့ အနုပညာရှင်များပေါင်းပြီး လှူဒါန်းဖြစ်တာ ဖြစ်တယ်လို့ သိရပါတယ်..။ ဦးခင်လှိုင်တို့ဟာ ရိုက်ကူးရေးအတွက် ဘားအံမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။ ဦးခင်လှိုင်၊ ခန့်စည်သူ နှင့် အခြားအနုပညာရှင်းများက ပါဝင်လှူဒါန်းထားပြီး ဦးခင်လှိုက ကိုယ်တိုင်လုပ်အားပေး ပဒေသာပင် သီးခဲ့တာ ဖြစ်ပါတယ်..။

ကျရာ ကာရိုက်တာ ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ပြည်သူချစ် ဦးခင်လှိုင်ဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ဝါရင့်ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်..။ ဇာတ်ကားတိုင်းလိုလိုမှာ တွေ့ရတဲ့ ဟာသမင်းသားကြီး ဦးခင်လှိုင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးများနှင့် ဗီဒီယို ဇာတ်ကားတွေကို သူ့ရဲ့ ပရိသတ်များအတွက် ဆက်တိုက်ရိုက်ကူးနေပါတယ်..။ ဦးခင်လှိုင်ဟာ ပရိသတ်ရင်ထဲက အကယ်ဒမီဆုရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး..။ ပရိသတ်တွေကတော့ ဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ဦးခင်လှိုင် အကယ်ဒမီ ရစေချင်နေပြီဖြစ်ပါတယ်..။

လတ်တလောအနုပညာလှုပ်ရှားလှုပ်ရှားမှုတွေကတော့ ဇာတ်ကားများ ရိုက်ကူးနေတယ်လို့ သိရပါတယ်..။ သူပါဝင် သရုပ်ဆောင်ထားတဲ့ “မယားကြောက်ရွာ” ဟာသရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်ရုံတင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်..။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဦး)က ပုံဖော် ရိုက်ကူးထားပြီး ဦးခင်လှိုင်နဲ့အတူ လူမင်း၊ ခန့်စည်သူ၊ ညီထွဋ်ခေါင်၊ စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည်၊ သွန်းဆက်တို့က အဓါပါဝင်သရုပ်ဆောင်ထားပါတယ်..။ ထို့ပြင် အခြား ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးများမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။