ပရိသတ်တွေစိတ်ဝင်စားအားပေးမှုအခိုင်အမာရရှိထားပြီး MRTV – 4 ရုပ်သံ Channel မှာထုတ်လွင့်ပြသလျက်ရှိတဲ့ ပဉ္စလက်ရွှာရုပ်သံဇာတ်လမ်းတွဲမှာပါဝင်တဲ့ကိုးချောင်းရွှာသူကြီးကိုပရိသတ်တွေအားလုံးသိကြပြီးဖြစ်ပါတယ်။ပရိသတ်ချစ်သရုပ်ဆောင်မင်းသူဟာပဉ္စလက်ရွှာရုပ်သံဇာတ်လမ်းတွဲလေးမှာကိုချောင်းရွှာသူကြီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးယခုလက်ရှိမှာတော့ပရိသတ်တွေကြားရေးပန်းအစားဆုံးနဲ့လူကြိုက်အများဆုံး ရုပ်သံဇာတ်လမ်းတွဲလေးတစ်ကားပဲဖြစ်ပါတယ်။

လက်တလောမှာတော့ပရိသတ်ချစ်သရုပ်ဆောင်မင်းသူဟာ 'ချုဆီ'ဆိုတဲ့ဇာတ်ကားလေးကို ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ နာမည်ကြီးပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်အေးမြတ်သူနဲ့ အတူရိုက်ကူးနေတယ်လို့သိရပါတယ်။ အဲ့ဒီကားလေးကို သရုပ်ဆောင် မင်းဦး ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးနေတယ်လို့လဲသိရပါတယ်။ သရုပ်ဆောင်မင်းသူဟာသူရဲ့လူမှု့ကွန်ယက်မှာလဲ ‘ ပဉ္စလက်ရွာ သူကြီး မြို့တက်တော့ အေးမြတ်သူ ရဲ့ "ချူဆီ" မိလေပြီ’ ဆိုပြီး ရိုက်ကွင်းထဲကပုံရိပ်တစ်ချိုနဲ့ ပရိသတ်ကြီးအတွက်မျှဝေထားတာကိုလဲတွေ့ရပါတယ်။

သရုပ်ဆောင်မင်းသူဟာ လက်ရှိမှာတော့ပျော်ရွှင်တဲ့မိသားစုလေးနဲ့အတူ ဖြတ်သန်းနေပြီး ပရိသတ်ကြီးအတွက် အနုပညာလှုပ်ရှားမှုတွေအများကြီး ကြိုးစားလုပ်ကိုင်နေတယ်လို့သိရပါတယ်။ ပဉ္စလက်ရွှာ ဆိုတဲ့ ဇာတ်လမ်းလေးကိုလဲပရိသတ်တွေနှစ်သက်အားပေးကြတဲ့အတွက်လဲအများကြီးကျေးဇူးတင်ပါတယ်လို့ပြောပါတယ်။ သရုပ်ဆောင်မင်းသူရဲ့ရိုက်ကွင်းပေါ်ကပုံရိပ်တစ်ချို့ကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - မင်းသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။