ချစ်စရာကောင်းပြီး ကလေးတစ်ယောက်လိုဖြူစင်တဲ့အပြုံးလေးတွေကြောင့်မြင်ရသူပရိသတ်တွေစိတ်နှလုံးအေးချမ်းရပါတယ်ဆိုတဲ့ ပရိတ်သတ်တွေရဲ့ခင်ချစ်အားပေးမှုအပြည့်ရရှိပိုင်ဆိုင်ထားတဲ့သရုပ်ဆောင်ခင်ဝင့်ဝါဟာ အင်းလေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။အင်းလေးကန်ရေပြင်ကြီးအလှနဲ့ အပြိုင် လှနေပြီးချစ်စရာကောင်းတဲ့သူမပုံရိပ်လေးတွေကိုလဲသူမရဲ့လူမှုကွန်ယက်မှာမျှဝေထားတာကိုပရိသတ်ကြီးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

လက်တစ်လောမှာတော့ ကြော်ငြာမဂ္ဂဇင်းအတွက် ဓာတ်ပုံလေးတွေရိုက်ဖြစ်နေပါတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ရက်နေ့ကလဲ ပြည်သူချစ်ဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ ရန်အောက်,လူမင်း,နေတိုး,နန်းခင်ဇေလျာတို့နဲ့ အတူအောင်ပန်းမြို့မှာရုပ်ရှင်ကားကြီးရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ ဒါရိုက်တာကျော်ဇော်လင်း(အတွေးပုံရိပ်) ကတာဝန်ယူရိုက်ကူးနေတာဖြစ်ပြီး အဲ့ဒီရုပ်ရှင်ကားကြီးထဲမှာအရင်နဲ့မတူတဲ့ရှေးခေတ်နေထိုင်မှုပုံစံအသစ်လေးတွေနဲ့တွေ့မြင်ရမှာဖြစ်တဲ့အတွက် ပရိသတ်ကြီးအနေနဲ့ ရသ အသစ်လေးတွေခံစားရမှာဖြစ်ပါတယ်လို့ဆိုပါတယ်။

ပရိသတ်အချစ်တော်ခင်ဝင့်ဝါဟာ သူမရဲ့ တက်စွမ်းတဲ့အနုပညာနဲ့ ပရိသတ်ကြီးအတွက် အားသွန်ခွန်စိုက်အစွမ်းကုန်ကြိုးစားနေပါတယ်လို့ဆိုပါတယ်။ ပရိသတ်ကြီးလဲသူမကိုအားပေးပါဝေဖန်ပါလို့လဲပြောပါယ်။သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။