၁) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းက သင့်မှာရှိတဲ့ အကောင်းဆုံး အရည်အချင်းနဲ့ စိတ်ထားကိုမြင်ပြီး၊ ခဏတာလက်တွဲသူကတော့ သင့်ရဲ့ အလှအပနဲ့ ခန္ဓာကိုယ်ကိုပဲ မြင်မှာပါ။

၂) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းက သင်နဲ့အတူရှိရတာကို တန်ဖိုးထားပြီး ခဏတာလက်တွဲတဲ့သူကတော့ ပျော်ပျော်ပါးပါးလျှောက်လည်တာလောက်ပဲ စဉ်းစားနေမှာပါ။

၃) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းက သင့်ရဲ့အောင်မြင်မှုဟာ သူ့ရဲ့အောင်မြင်မှုလို့ ယူဆပြီး ဝမ်းသာဂုဏ်ယူနေမှာဖြစ်ပြီး ခဏတာလက်တွဲသူကတော့ သူနဲ့မဆိုင်သလို နေနေမှာပါ။

၄) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းအတွက် သင်ဟာ တစ်လောကလုံးမှာ အလှဆုံးမိန်းကလေးဖြစ်ပြီး ခဏတာလက်တွဲသူကတော့ သူ့မျက်စိကို အငြိမ်မပေးဘဲ တခြားမိန်းကလေးတွေကို လိုက်ကြည့်နေမှာပါ။

၅) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းက သင့်ကို လုံခြုံမှူတွေ ပေးစွမ်းနိုင်ပြီး ခဏတာလက်တွဲသူကတော့ သူ့ဖုန်းကိုတောင် သင်စစ်ချင်စစ်နေရမှာပါ။

၆) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းအတွက် သင့်ပျော်ရွှင်မှုကသာ သူ့အတွက်အရေးကြီးတာဖြစ်ပြီး ခဏတာလက်တွဲသူအတွက်တော့ သူ့ပျော်ရွှင်မှုကိုသာ သူအာရုံစိုက်နေမှာပါ။

၇) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းက သင်နဲ့ စကားလက်ဆုံပြောဖို့ အမြဲကြိုးစားနေပြီး ခဏတာလက်တွဲသူကတော့ သင်စကားတွေများနေတာကို သဘောကျမှာမဟုတ်ပါဘူး။

၈) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းက သင်နဲ့သူရဲ့ ရှေ့ဆက်ခရီးလမ်းအတွက် အစီအစဉ်တွေချထားမှာဖြစ်ပြီး ခဏတာလက်တွဲသူကတော့ ဘာအစီအစဉ်မှမရှိသလို အလေးအနက်ထားနေမှာလဲမဟုတ်ပါဘူး။

၉) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းက သင့်နဲ့အတူ ဆက်လက်လက်တွဲလိုတဲ့ အရိပ်အယောင်တွေ ပြနေမှာဖြစ်ပြီး ခဏတာလက်တွဲသူကတော့ လက်ရှိအခြေအနေကိုသာ ဆက်ထိန်းဖို့ ကြိုးစားနေပါလိမ့်မယ်။

၁၀) သင့်ရဲ့ အနာဂတ်ခင်ပွန်းလောင်းက သူ့မိသားစုတွေ သူငယ်ချင်းတွေရှေ့မှာ သင့်ကိုလက်တွဲထားပြီး ဂုဏ်ယူနေမှာဖြစ်သလို ခဏတာလက်တွဲသူကတော့ ဒါတွေလုပ်ဖို့ သတ္တိရှိမှာမဟုတ်ပါဘူး။

Source : vixendaily

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။