ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့မှာ အစိုးရ နဲ့ အကြမ်းဖက်စစ်သွေးကြွတပ်တွေ အကြား ငါးလလောက် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေကနေ ယခုအခါ မာရာဝီမြို့ဟာ အကြမ်းဖက်စစ်သွေးကြွ များလက်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ ဖိလစ်ပိုင်တပ်မတော် မှ အကြမ်းဖက်စစ်သွေးကြွတွေကို ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေး ရက်ပေါင်း ၁၅၀ အတွင်း အကြမ်းဖက်စစ်သွေးကြွ ၈၀၀ ကျော်သေဆုံး ပြီး အစိုးရ တပ်ဖွဲ့ဝင် ၁၆၂ ယောက် သေဆုံးခဲ့ပါတယ်။ 

ဖိလစ်ပိုင်သမ္မတ ဒူတာတေး က "မာရာဝီမြို့ဟာ အကြမ်းဖက်တွေ လွှမ်းမိုးနေရာကနေ လွတ်မြောက်သွားပြီဖြစ်ကြောင်း ကျွန်ုပ်ဒီနေရာကနေ ကြေညာပါတယ်။ ဒါဟာ မာရာဝီမြို့ ကို မူလအခြေအနေ ကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ခြေလှမ်းအစလည်းဖြစ်ပါတယ်" လို့ မြို့ကို ရောက်ရှိစဉ်ပြောကြားခဲ့ပါတယ်။ "အကြမ်းဖက်စစ်သွေးကြွအယောက် ၂၀ မှ ၃၀ နီးပါးလောက်သာ မြို့ထဲမှာ ကျန်ပါတော့တယ်။ အကြမ်းဖက်စစ်သွေးကြွတွေဟာ ဓားစာခံ အယောက် ၂၀ ကို ဖမ်းဆီးထားတယ်" လို့ ဖိလစ်ပိုင် တပ်မတော် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး Restituto Padilla က AFP သတင်းဌာန ကို ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေး က မာရာဝီမြို့ အကြမ်းဖက်စစ်သွေးကြွများလက်မှ လွတ်မြောက်ပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း တိုက်ပွဲတွေ ကတော့ ဆက်လက်ဖြစ်ပွားနေဆဲပါ။ ဖိလစ်ပိုင် တပ်မတော် မှ ဗိုလ်ချုပ် Eduardo Ano က သတင်းထောက်တွေကို ပြောကြားရာမှာ "မြို့ ရဲ့ အချို့နေရာ လောက်မှာသာ အကြမ်းဖက်စစ်သွေးကြွ အနည်းငယ် ကျန်တော့ တာကြောင့် နောက်ဆုံးရှင်းလင်းတဲ့ စစ်ဆင်ရေးတွေလုပ်ဆောင်ပြီး တရားဥပဒေပြန်လည် စိုးမိုးအောင်လုပ်ဆောင်နိုင်ပါပြီ" လို့ပြောကြားခဲ့ပါတယ်။

Source: CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။