ပရိသတ်ချစ်တဲ့ ကိုရန်လေးခေါ် သရုပ်ဆောင်ရန်အောင်ဟာ ဟိုးအရင်ကလိုပဲပရိသတ်ကြီးတွေ့မြင်နေကျအတိုင်း နုပျိုလှပနေဆဲပါပဲ။မိမိကျရာဇာတ်ရုပ်မှာအကောင်းဆုံးသရုပ်ဆောင်နိုင်ပြီးပရိသတ်တွေချစ်ခင်အားပေးခဲ့ကြတဲ့ဝါရင့်အကယ်ဒမီများရှင်သရုပ်ဆောင်ကောင်းတစ်ယောက်လဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ၁၃ရက်နေ့တွင်သရုပ်ဆောင်ရန်အောင်ဟာမိမိရဲ့အာစရိယဆရာသမားတစ်ဦးဖြစ်ပြီးလေးစားချစ်ခင်ရတဲ့ဒါရိုက်တာဦးကြီးခေါ်ဒါရိုက်တာကြည်စိုးထွန်းကိုခြေစုံဦးတိုုက်ဂါဝရပြုကန်တော့ခဲ့တယ်လို့သိရပါတယ်။

မကြာခင်ရုံတင်ပြသတော့မယ့်"မိရိုးဖလာ"ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရေးမစမှီသွားရောက်ကန်တော့ဂါဝရပြုခဲ့တာဖြစ်ပြီးမိမိရဲ့လေးစားချစ်ခင်ရတဲ့ဆရာဖြစ်သူဒါရိုက်တာကြည်စိုးထွန်းကိုဂါဝရပြုရင်းရှေးဟောင်းနှောင်းဖြစ်လေးတွေကိုလဲပြန်လည်တမ်းတစကားလက်ဆုံကြခဲ့ကြရပါတယ်လို့ပြောပါတယ်။ဗဟုသုတရဖွယ်အနုပညာ,အတက်ပညာလေးတွေလေ့လာမှတ်သားခဲ့ရပြီးဆရာ့စီမှပညာအမွေလေးတွေဆည်းပူးခွင့်ရခဲ့အတွက် အလွန်ဝမ်းမြောက်ပျော်ရွှင်ခဲ့ရတဲ့ကြည်နူးစရာနေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်လို့ဆိုပါတယ်။

လက်တစ်လောမှာတော့ ပြည်သူချစ်သရုပ်ဆောင်ကိုရန်လေးဟာ အောင်ပန်းမြို့ကိုရောက်ရှိနေပြီး ဒါရိုက်ကျော်ဇော်လင်းအတွေးပုံရိပ်ရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ရိုက်ကူးနေတယ်လို့သိရပါတယ်။အဲ့ဒီကားလေးထဲမှာအရင်နဲ့မတူတဲ့ရှေးခေတ်ဝတ်စားပုံနေထိုင်ပုံလေးတွေကိုပရိသတ်တွေတွေ့မြင်ရမှာဖြစ်ပြီး မတူညီတဲ့အနုပညာတင်ဆက်မှုတွေကိုခံစားရမှာပဲဖြစ်ပါတယ်လို့သိရပါတယ်။ပရိသတ်ချစ်သရုပ်ဆောင်ရန်အောင်ဟာ ပရိသတ်ကြီးဆက်လက်အားပေးပါအုန်း ပရိသတ်ကြီးအတွက်အရင်ကထက်ပိုတဲ့အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေပြီးအကောင်းဆုံးကြိုးစားနေပါတယ်လို့သိရပါတယ်။သရုပ်ဆာင်ရန်အောင်ဟာမိမိရဲ့ဆရာဖြစ်သူဒါရိုက်တာကြည်စိုးထွန်းကို ကန်တော့ဂါဝရပြုနေတဲ့ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ရန်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။