မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ မန်စီးတီးအသင်းက နာပိုလီအသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အုပ်စုသုံးပွဲကစားထားပြီး သုံးပွဲလုံးအနိုင်ရရှိကာ ရမှတ် ၉ မှတ်ဖြင့် ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ နာပိုလီအသင်းကတော့ အုပ်စုသုံးပွဲကစားထားပြီး ၁ပွဲနိုင် ၂ပွဲရှုံး၊ ရမှတ် ၃မှတ်ဖြင့် အဆင့်၃ နေရာမှာရှိနေတာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဂျီဆပ်၊ စတားလင်း၊ ဆာနေး၊ ဖာနန်ဒင်ဟို၊ ဒီဘရူနီ၊ ဒေးဗစ်ဆေးဗာလ် တို့ကို ပွဲထွက်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ နာပိုလီအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဒရိုင်းမာတင်၊ ကယ်လီဂျွန်၊ အစ်ဇဂနီ၊ ဟမ်ဆစ်၊ ဒိုင်ဝါယာ၊ ဇီယန်လင်စကီး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ မန်စီတီးအသင်းရဲ့ နိုင်ပွဲဆက်နေမှုကို နာပိုလီအသင်း မဟန့်တားနိုင်ခဲ့တာ ဖြစ်ပါတယ်။  

ပွဲစလို့ ၉မိနစ်မှာပဲ မန်စီးတီးအသင်းအဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ စတားလင်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ နောက် ၄မိနစ်အကြာမှာပဲ ဂျီဆပ်က မန်စီးတီးအသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ နာပိုလီအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ၇၃မိနစ်မှာ ဒိုင်ဝါယာက ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၃၈မိနစ်မှာရရှိခဲ့တဲ့ပင်နယ်တီကို ဒရိုင်းမာတင် ကန်သွင်းယူခဲ့ရာမှာ မန်စီးတီးဂိုးသမား အီဒါဆန် ကာကွယ်နိုင်ခဲ့တာကြောင့် နာပိုလီအသင်းချေပဂိုးတစ်ဂိုး နစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။