မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ လီဗာပူလ်းအသင်းက အဝေးကွင်းမှာ မာရီဘောအသင်း ကို ၇ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာလီဗာပူလ်းအသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုမှာ ပထမဆုံးနိုင်ပွဲစတင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် လီဗာပူလ်းအသင်းဟာ အုပ်စုပွဲသုံးပွဲကစားထားပြီး ၂ ပွဲသရေ ၁ ပွဲနိုင် ရမှတ် ၅ မှတ်နဲ့ ဇယားထိပ်ဆုံးရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 

လီဗာပူလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကော်တင်ဟို၊ ဖာမီနို၊ ဆာလက်၊ ဂျိန်းမီနာ၊ ဝစ်ဂျနယ်ဒယ်၊ အမ်မရီကန် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မာရီဘောအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ တာဗာရက်၊ ကရာမာရစ်၊ အယ်မက်ဒီ ၊ဘိုဟာ၊ ကတ်ဟာ၊ ဗာဟိုဗက်စ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၂၆ ကြိမ်မှာ ၇ ထိရရှိအောင် စွမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ပွဲစလို့ ၄ မိနစ်မှာပဲ ဖာမီနိုက လီဗာပူလ်းအသင်းအတွက် အဖွင့်ဂိုးစတင်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၁၃ မိနစ်မှာ ကော်တင်ဟို၊ ၁၉ မိနစ် နဲ့ မိနစ် ၄၀ မှာ ဆာလက် က နှစ်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ ၄ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ပြန်စလို့ ၅၄ မိနစ်မှာ ဖာမီနိုက ငါးဂိုးမြောက် ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပြီး ၈၆ မိနစ်မှာ ချန်ဘာလိန်က ခြောက်ဂိုးမြောက် ဂိုးကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုတော့ မိနစ် ၉၀ မှာ အာနိုးလ် ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။