ပွဲမစမီMind Game အပြန်အလှန်ဆင်နွဲနေကြတဲ့ရန်ကုန်ရတနာပုံ


မနက်ဖြန်ပွဲကတော့ပရိသတ်ကြီးကြည့်သင့်တယ်ဗျို့။

MNLရဲ့ထိပ်သီးအသင်းကြီးနှစ်သင်းမနက်ဖြန်မန္တလာသီရိ

မှာကန်ကြမှာလေ။ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆီမီးဖိုင်နယ်

ဒုကျော့ကန်မှာဖြစ်ပြီးပကျော့တုန်းကရန်ကုန်ကတစ်ဂိုးဂိုး

မရှိနဲ့နိုငိထားတယ်ဗျို့။ပရိသတ်သတ်အားပေး

ကြမ်းတဲ့မန္တလေးမြို့မှာရောဘယ်လိုရလဒ်တွေထွက်လာပါ့မလဲ။ပရိသတ်ကြီးလည်းရင်ခုန်နေသလိုကစားသမားတွေ

နည်းပြတွေကလည်းရင်ခုန်နေကြပါပြီ။


တစ်ဖက်အသင်းကိုအသာရစေဖို့ပွဲမစမီ

Mind Gameတွေလည်းအပြန်အလှန်ဆော့နေကြပြီဗျို့။

ရတနာပုံနည်းပြကြီးမစ္စတာရီနီကမနှစ်ကလည်းသူတို့

မန္တလေးလာဆော့ဖူးတယ်။ကျွန်တော်တို့

ဂိုးပြတ်အနိုင်ရခဲ့တာပဲ။အခုတစ်ကြိမ်မှာရော

ဘာလို့မဖြစ်နိုင်ရမှာလဲတဲ့။ရန်ကုန်ယူနိုက်တက်ဘက်

ကလည်းပြန်ဆော်ပါတယ်။ရန်ကုန်အသင်းအုပ်

ချုပ်သူဦးမြင့်သိန်းကရန်ကုန်အသင်းမှာဒဏ်ရာရ၊

ပွဲပယ်ကစားသမားမရှိပါဘူး။ကစားသမား

အပြည့်အစုံနဲ့ရတနာပုံကိုအနိုင်ယူသွားမယ်လို့ပြန်ပြောပါတယ်။


နည်းပြတွေသာမဟုတ်ပဲကစားသမားတွေကလည်း

စကားလုံးတိုက်ပွဲတွေဆင်နွဲပါတယ်။ရတနာပုံအသင်းက

ဂါနာတိုက်စစ်မှူးပက်ထရစ်ကအိမ်ကွင်းမှာအိ်မ်ရှင်

အားသာချက်နဲ့ရန်ကုန်ကိုအနိုင်ယူမယ်လို့ပြောခဲ့ပါတယ်။

ရန်ကုန်အသင်းတိုက်စစ်မှူးဆီဇာကလည်းရတနာပုံကို

အနိုင်ရရှိရေးဦးတည်ကစားသွားမယ်လို့ပြောပါတယ်။

ပွဲကတော့မစရသေးပါဘူး။နှစ်ဖက်စလုံးဟန်ရေး

တပြင်ပြင်နဲ့ဖြစ်နေကြပါပြီ။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။