အစ္စရေး အနေနဲ့ အစ္စလာမ်မစ် စစ်သွေးကြွ ဟားမတ်စ် အရေး နဲ့ ပတ်သက်ပြီး ပါလက်စတိုင်းအစိုးရ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့ကပြော ကြားခဲ့ပါတယ်။ အင်္ဂါနေ့ကပြုလုပ်တဲ့ အစ္စရေးထိပ်တန်း ၀န်ကြီးများရဲ့ လုံခြုံရေး အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟု က ဟားမတ်စ် စစ်သွေးကြွ အဖွဲ့ အနေနဲ့ စစ်သွေးကြွ အဖွဲ့ အဖြစ်မှ စွန့်လွှတ်ဖို့ အစ္စရေး ရဲ့ ကာလကြာရှည် ရပ်တည်မှု ကို ထပ်မံ အတည်ပြုခဲ့ပါတယ်။

"ဟားမတ်စ် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့ ဟာ အစ္စရေးနိုင်ငံကို ဖျက်စီးဖို့ကြံစည်နေသ၍ စစ်သွေးကြွ အဖွဲ့ အဖြစ်မှ မစွန့်လွှတ်သ၍ ယခင် ဆုံးဖြတ်ချက်တွေ အတိုင်း ဟားမတ်စ် အရေး နဲ့ ပတ်သက်ပြီး ပါလက်စတိုင်းအစိုးရ နဲ့ သံတမန်ရေး ဆွေးနွေးမှု တွေပြုလုပ်မှာမဟုတ်ဘူး" လို့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။ အစ္စရေးက အချက် ရချက်ပါတဲ့ တောင်းဆိုမှု ကိုပြုလုပ်ခဲ့ပါတယ်။ ဟားမတ်စ် အဖွဲ့ အနေနဲ့ အစ္စရေးကို အသိအမှတ်ပြီး လက်နက်ချဖို့၊ အီရန်နိုင်ငံနဲ့ ဆက်သွယ်နေမှုကို ဖြတ်တောက်ဖို့၊ အစ္စရေးစစ်သား ရုပ်အလောင်းများကို ပြန်ပေးဖို့ နဲ့ ဂါဇာမှာ ထိန်းသိမ်းထားတယ်လို့ ယူဆရတဲ့ အစ္စရေးနိုင်ငံသားတွေကို ပြန်ပေးဖို့ စတဲ့ အချက်တွေပါ၀င်ပါတယ်။

ဟားမတ်စ် စစ်သွေးကြွ အဖွဲ့ ဟာ ဒေသတွင်း အင်အားအကြီးမားဆုံး လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ အဖြစ်ရပ်တည်လျက်ရှိပါတယ်။ စစ်သွေးကြွ အင်အား ၂၅၀၀၀ လောက်ရှိပြီး လက်နက်ကောင်းများ ကိုင်ဆောင်ထားပါတယ်။ ဟားမတ်စ် စစ်သွေးကြွ အဖွဲ့ကို အီရန်နိုင်ငံမှ ထောက်ပံ့နေတယ်လို့ အစ္စရေး နိုင်ငံက စွပ်စွဲ ထားပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။