မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပါးအသင်းတို့ဟာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။အုပ်စုတွင်း ပြိုင်ဘက် ဒေါ့မွန်အသင်းကတော့ ရီးရဲလ်မက်ဒရစ်နဲ့ စပါးအသင်းတို့ တွေ့ဆုံနေတာကို အခွင့်ကောင်းမယူနိုင်ခဲ့ပဲ့ အေပိုလ်းအသင်းကို သရေသာကန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပါးအသင်းဟာ ဒေါ့မွန်အသင်း ကို ၆ မှတ် စီ အမှတ်ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ အစ္စကို၊ ဘန်ဇီမာ၊ ကရူး ၊ကတ်စမဲရိုး၊ မိုဒရစ်တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်း၊ အဲရစ်ဆင်၊ လော်ရန်တေး၊ ဆစ်ဆိုခို၊ ဟယ်ရီဝင့်ခ်၊ အဲရစ်ဒိုင်ယာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်ကစားခဲ့ပေမဲ့ စပါးအသင်းရဲ့ မာမာထန်ထန် တုံ့ပြန်မှုကြောင့် သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ 

စပါးအသင်းက အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ၂၈ မိနစ်မှာ ဟာရီကိန်းကန်သွင်းလိုက်တဲ့ဘောလုံးကို ဟန့်တားလိုက်ရင်း ဗာရာနီက ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာလည်းဖြစ်ပါတယ်။၄၃ မိနစ်မှာတော့ ကရူးကို စပါးနောက်တန်းကစားသမား အော်ရီယာ ဟန့်တားရာမှာ အနည်းငယ်ကြမ်းတမ်းခဲ့တာကြောင့် ဒိုင်လူကြီးက ပယ်နယ်တီသတ်မှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီပယ်နယ်တီကိုတော့ စီရော်နယ်ဒိုက ကန်သွင်းယူခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက်ချေပဂိုး သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။