မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ မိုနာကိုအသင်းဟာ ဘတ်ဆစ်တပ် အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ဘတ်ဆစ်တပ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲ သုံးပွဲကစားထားပြီး သုံးပွဲလုံးအနိုင်ရထားကာ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ အုပ်စုပွဲ ၃ ပွဲကစားထားပြီးချိန်မှာ ၁ ပွဲသရေ ၂ ပွဲရှုံး ရလဒ်နဲ့ ဇယားအောက်ဆုံးမှာ ရှိနေခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာ တောက်လျှောက်ရလဒ်တွေဆိုးဝါးနေတာလည်းဖြစ်ပါတယ်။

မိုနာကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဖယ်ကာအို၊ ကီတာဘလိတ်၊ သောမက်လီမာ၊ ဖာဘင်ဟို၊ မော်တင်ဟို၊ တီယာလီမန်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘက်ဆစ်တပ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ တိုဆန်၊ တာလီဆကာ၊ ဘာဘယ်၊ အာဆလန်၊ ကွာရက်မာ၊ ဟက်ချင်ဆန် တို့ကို ထည့်သွင်းကစားစေခဲ့တာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းကတော့ နောက်တဆင့်တတ်ရောက်ဖို့ နောက်ပွဲတွေမှာ အနိုင်ရရှိဖို့ လိုအပ်လာပြီလည်းဖြစ်ပါတယ်။

မိုနာကိုအသင်းက အဖွင့်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ မိနစ် ၃၀ မှာ ဖယ်ကာအိုက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၄ မိနစ်အကြာမှာပဲ ဘက်ဆစ်တပ်အသင်းအတွက်ချေပဂိုးကို တိုဆန် က ပြန်လည်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်မှာတော့ တစ်ဖက် တစ်ဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းပြန်စလို့ ၅၄ မိနစ်မှာ တိုဆန် က ဘက်ဆစ်တပ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။